မျိုးချစ်သူ | ယနေ့ စစ်အစိုးရက ပြန်လွှတ် ပေးသော လွတ်ငြိမ်း ချမ်းသာ ခွင့်တွင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တိုက်ခတ် ခဲ့သော နာဂစ်မုန်တိုင်း ကာလ အပြီးတွင် ဒုက္ခရောက်သော နာဂစ်သင့် ပြည်သူများကို လိုက်လံ ကူညီ ပေးခဲ့သောကြောင့် ဖမ်းဆီး ခံရသည့် ပြည်တွင်း စာနယ်ဇင်းသမား (၂) ဦး ပါဝင်သည်။
၎င်းတို့မှာ အီကိုဗီးရှင်း ဂျာနယ် သတင်းထောက် အိမ့်ခိုင်ဦးနှင့် အလဲဗင်း မီဒီယာတွင် အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ကိုကျော်ကျော်သန့် တို့ဖြစ်သည်။
အိမ့်ခိုင်ဦးမှာ နာဂစ်ဒဏ်သင့် ပြည်သူများ၏ သတင်း ရယူရာမှ အခက်အခဲ တွေ့နေသော နာဂစ် ပြည်သူ တို့ကို အိုင်စီအာစီနှင့် ယူအန်ဒီပီ ရုံးတို့ထံ လိုက်ပို့ ခဲ့သောကြောင့် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

“ကျမ သတင်းထောက် ဆက်လုပ်အုံးမှာပါ။ အီကိုဗီးရှင်းမှာပဲ လုပ်ဖြစ်မှာပါ။ ဆရာတွေနဲ့ညှိရအုံးမယ်” ဟု အိမ့်ခိုင်ဦးက ပြောသည်။
သူမသည် ပြီးခဲ့သည့် ၂၀၀၈ ခု ဇွန်လ (၁၁) ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး စစ်ကြောရေးစခန်းတွင် (၂) ပတ်နေထိုင်ခဲ့ရကာ ၂၀၀၈ ဇွန်လ (၁၉) ရက်တွင် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရပြီး ထောင်ထဲတွင် (၁) နှစ်နှင့် (၄) လ နေထိုင် ခဲ့ရပြီးနောက် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ပါဝင်ခဲ့သည်။
ကိုကျော်ကျော်သန့်မှာ ထောင် (၇) နှစ်ချမှတ်ခံရပြီး ထောင်ထဲတွင် (၁) နှစ်ကျော် အကျဉ်းကျခံရပြီးနောက် ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။
၎င်းက “ကျနော် စာပေ လောကထဲကို ပြန်ဝင်ဖို့ လောလောဆယ် မစီစဉ်ရသေးဘူး။ မိသားစုနဲ့နေပြီး ကျန်းမာရေး အတွက် လုပ်ရအုံးမယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment