၂ဝ၁ဝမှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ ထိုင်းအစိုးရရဲ့ အကူအညီလိုကြောင်း စစ်အစိုးရက ပြောဆိုလိုက်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို မတ်လ ၂၃ရက် မနေ့က ပြောပါတယ်။
ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
နောက်နှစ်အတွင်း ရွေးကောက်ပွဲကို ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ စစ်အစိုးရက သူ့ကို အခိုင်အမာ ပြောဆိုခဲ့တဲ့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာဖို့ ထိုင်းအစိုးရအနေနဲ့ ဝိုင်းဝန်းကူညီပေးဖို့အတွက် မေတ္တာရပ်ခံခဲ့တယ်လို့ Mr. Kasit Piromya က ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောဆိုလိုက်ပေမဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ကရင် အမျိုးသားအစည်းအရုံး ကေအင်ယူနဲ့ ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (SSA) တောင်ပိုင်း လက်နက်ကိုင်အဖွဲ့တွေဆီကို စစ်အစိုးရဘက်က အခုချိန်ထိ တရားဝင် ကမ်းလှမ်းပြောဆိုတာမျိုး လုံးဝမရှိသေးပါဘူး။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ သဘောထားဟာ ထိုင်းနိုင်ငံမှာ တက်လာတဲ့ အစိုးရတိုင်းမှာ ရှိနေပါတယ်လို့ (SSA) တောင်ပိုင်းရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းစိုင်မိန်းက RFA ကို ပြောပါတယ်။ စစ်အစိုးရဘက်က စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို သူက အခုလို ပြောပါတယ်။
စိုင်းစိုင်မိန်း။ ။ 'နအဖစစ်အစိုးရ တကယ်တမ်း ဒီမိုကရေစီ နိုင်ငံကို တကယ် ဦးတည်တယ်ဆိုရင် ပါတီတွေရော၊ အပစ်ရပ်အဖွဲ့တွေက ဖွဲ့စည်းမဲ့ ပါတီတွေရော၊ အကုန်လုံး အဖက်ဖက်က ဒီဖွဲ့စည်းတဲ့ ပါတီတွေကို ရွေးကောက်ပွဲ ဝင်ဖို့ ခွင့်ပေးသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်ခင်ဗျ။'
စစ်အစိုးရရဲ့ ပြောဆိုချက်ဟာ
ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)နောက်နှစ်အတွင်း ရွေးကောက်ပွဲကို ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ စစ်အစိုးရက သူ့ကို အခိုင်အမာ ပြောဆိုခဲ့တဲ့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာဖို့ ထိုင်းအစိုးရအနေနဲ့ ဝိုင်းဝန်းကူညီပေးဖို့အတွက် မေတ္တာရပ်ခံခဲ့တယ်လို့ Mr. Kasit Piromya က ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောဆိုလိုက်ပေမဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ကရင် အမျိုးသားအစည်းအရုံး ကေအင်ယူနဲ့ ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (SSA) တောင်ပိုင်း လက်နက်ကိုင်အဖွဲ့တွေဆီကို စစ်အစိုးရဘက်က အခုချိန်ထိ တရားဝင် ကမ်းလှမ်းပြောဆိုတာမျိုး လုံးဝမရှိသေးပါဘူး။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ သဘောထားဟာ ထိုင်းနိုင်ငံမှာ တက်လာတဲ့ အစိုးရတိုင်းမှာ ရှိနေပါတယ်လို့ (SSA) တောင်ပိုင်းရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းစိုင်မိန်းက RFA ကို ပြောပါတယ်။ စစ်အစိုးရဘက်က စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို သူက အခုလို ပြောပါတယ်။
စိုင်းစိုင်မိန်း။ ။ 'နအဖစစ်အစိုးရ တကယ်တမ်း ဒီမိုကရေစီ နိုင်ငံကို တကယ် ဦးတည်တယ်ဆိုရင် ပါတီတွေရော၊ အပစ်ရပ်အဖွဲ့တွေက ဖွဲ့စည်းမဲ့ ပါတီတွေရော၊ အကုန်လုံး အဖက်ဖက်က ဒီဖွဲ့စည်းတဲ့ ပါတီတွေကို ရွေးကောက်ပွဲ ဝင်ဖို့ ခွင့်ပေးသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်ခင်ဗျ။'
စစ်အစိုးရရဲ့ ပြောဆိုချက်ဟာ
နိုင်ငံရေးလှည့်ကွက်တခု ဖြစ်တယ်လို့ ကေအင်ယူရဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက ပြောပါတယ်။
ဗိုလ်မှူးစောလှငွေ။ ။ 'လာမဲ့ ရွေးကောက်ပွဲကာလအတွက်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင် သူတို့မှာ တခြားမှာ အပစ်ရပ် အဖွဲ့တွေထဲက သူတို့နဲ့ သိပ်ပြီးတော့ ဆွဲသလို မရတဲ့ လူတွေအပေါ်မှာ တစုံတရာ ဖြစ်ရေးဟာ ဖိအားပေးရင်ပဲ ဖြစ်ဖြစ်ပေါ့လေ၊ ထုံးစံအတိုင်းပေါ့လေ၊ ကျွန်တော်တို့ တဖက်မှာ ဖိလို့ရှိရင် တဖက်မှာလည်း သူ ငြိမ်းချမ်းရေး လေသံပြပြီးတော့ နည်းပရိယာယ်အရ လှည့်ဖြားမှုတခု လုပ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆရတယ်။' ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတခုအနေနဲ့ မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား အပစ်အခတ် ရပ်စဲနိုင်အောင် အကူအညီပေးဖို့ ထိုင်းအစိုးရဘက်က အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ ဆက်ဆံရေး နောက်ဆုံးအခြေအနေတွေ သိရအောင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (SSA)တောင်ပိုင်း အဖွဲ့တို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
အသံဖိုင်နားစဉ်ရန်....
RFA သတင်းမှ

0 comments:
Post a Comment