ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အဖြစ်အပျက် နောက်ခံသမိုင်း အချက်အလက်တွေနဲ့ ပတ်သက်လို့ ရေးသားထားတဲ့ 'နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ' စာအုပ် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ထွက်ရှိလာပါတယ်။ ဒီစာအုပ် ထုတ်ဝေခဲ့တာနဲ့ ပတ်သက်လို့ ဂဠုန်ဦးစောရဲ့ မိသားစုက စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးကနေ တဆင့် စာအုပ်ရေးတဲ့ ဆရာသန်းဝင်းလှိုင်ကို ၇ ရက်အတွင်း ဝန်ချတောင်းပန်ဖို့၊ မတောင်းပန်ရင် တရားစွဲအရေးယူဖို့ စာရေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် စစ်အစိုးရက နှစ်စဉ် ပြုလုပ်သော ဇူလိုင် ၁၉ရက် အာဇာနည်နေ့ အခမ်းအနားတခု ဖြစ်ပါသည်။ ဒီစာအုပ်နဲ့ပတ်သက်လို့ စာပေစိစစ်ရေးနဲ့ ဂဠုန်ဦးစော မိသားစုဝင်တွေရဲ့ ကန့်ကွက်တဲ့ အမှုတွေအကြောင်းနဲ့ ပတ်သက်ပြီး ဆရာသန်းဝင်းလှိုင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
အသံဖိုင် အပြည့် အစုံ နားဆင်ရန်...
0 comments:
Post a Comment