၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စစ်အစိုးရက နီးစပ်ရာ လုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ စစ်အစိုးရဝန်ကြီးအဖွဲ့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တချို့က RFA ကို ပြောပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ဖို့ နှုတ်အားဖြင့် ကတိပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးများကို ၂ဝဝ၇ခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် အရပ်ဝတ် မြန်မာ့ရိုးရာ ဝတ်စုံများဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ပါဝင်ယှဉ်ပြိုင်မဲ့ လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ဇာတိမြို့နယ်တွေကနေ ရွေးကောက်ပွဲ ဝင်ရောက်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယုဇန ဦးဌေးမြင့်က မြိတ်မြို့၊ Max Myanmar ကုမ္ပဏီပိုင်ရှင် ကိုဇော်ဇော်က ရေကြည်၊ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ခရမ်း၊ ဇေကမ္ဘာ ဦးခင်ရွှေက ကော့မှူး၊ ဧဒင် ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်က ဓနုဖြူမြို့၊ UMFCCI ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က တန့်ဆည် စသဖြင့် မြို့နယ်အလိုက် တာဝန်ပေး သတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
အလားတူ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းကို တောင်သာမြို့နယ်၊ စီမံ စီးပွားဝန်ကြီး ဦးစိုးသာကို တွံတေး စသဖြင့် လက်ရှိဝန်ကြီးတချို့ကိုလည်း ရွေးကောက်ပွဲမှာ မြို့နယ်အလိုက် ဝင်ရောက်ပါဝင်ဖို့ သတ်မှတ်ထားတယ်လို့ စစ်အစိုးရဝန်ကြီးတချို့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
ဒါ့ပြင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက်
မြန်မာ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးများကို ၂ဝဝ၇ခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် အရပ်ဝတ် မြန်မာ့ရိုးရာ ဝတ်စုံများဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)ပါဝင်ယှဉ်ပြိုင်မဲ့ လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ဇာတိမြို့နယ်တွေကနေ ရွေးကောက်ပွဲ ဝင်ရောက်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယုဇန ဦးဌေးမြင့်က မြိတ်မြို့၊ Max Myanmar ကုမ္ပဏီပိုင်ရှင် ကိုဇော်ဇော်က ရေကြည်၊ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ခရမ်း၊ ဇေကမ္ဘာ ဦးခင်ရွှေက ကော့မှူး၊ ဧဒင် ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်က ဓနုဖြူမြို့၊ UMFCCI ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က တန့်ဆည် စသဖြင့် မြို့နယ်အလိုက် တာဝန်ပေး သတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
အလားတူ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းကို တောင်သာမြို့နယ်၊ စီမံ စီးပွားဝန်ကြီး ဦးစိုးသာကို တွံတေး စသဖြင့် လက်ရှိဝန်ကြီးတချို့ကိုလည်း ရွေးကောက်ပွဲမှာ မြို့နယ်အလိုက် ဝင်ရောက်ပါဝင်ဖို့ သတ်မှတ်ထားတယ်လို့ စစ်အစိုးရဝန်ကြီးတချို့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
ဒါ့ပြင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက်
စစ်တပ်က ကိုယ်စားလှယ် ၁၁ဝ၊ နီးစပ်တဲ့လုပ်ငန်းရှင်တွေ၊ ဝန်ကြီးတွေပါဝင်မဲ့ အရပ်ဖက်ပြည်သူ့ကိုယ်စားလှယ် ၃၃ဝ၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၄၄ဝစာအတွက် လူရွေးချယ်မှု အားလုံးပြီးစီးသွားပြီ ဖြစ်ပြီး၊ နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် အပါအဝင် ရွေးကောက်ပွဲ ဥပဒေကို လာမဲ့ ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလဆန်းပိုင်းအတွင်း ထုတ်ပြန်ကြေညာဖွယ် ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို နှစ်လလောက်ပဲ ခွင့်ပြုမှာဖြစ်ပြီး၊ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ အားလုံး ရွေးကောက်ပွဲဝင်ရမှာ ဖြစ်ကြောင်း၊ မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းမှာဖြစ်ကြောင်း အဲဒီရွေးကောက်ပွဲ ဥပဒေမှာ ရေးသားထားတယ်လို့ ဥပဒေမူကြမ်းကို ဖတ်ရှုခွင့်ရခဲ့တဲ့ လုပ်ငန်းရှင်တဦးက RFA ကို ပြောပါတယ်။
စစ်အစိုးရက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလအတွင်း လွှတ်ပေးဖို့ အရိပ်အယောင် ရှိနေတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်မဲ့ကာလနဲ့ မရှေးနှောင်း ဖြစ်တာမို့ ထူးခြားတဲ့ နိုင်ငံရေးအခြေအနေတွေ မြင်တွေ့လာရဖွယ်ရှိတယ်လို့ ရန်ကုန်နိုင်ငံရေးသမားတချို့က ပြောပါတယ်။
RFA သတင်းမှ

0 comments:
Post a Comment