ပရင့်၊ပီဒီအက်

Thursday, April 2, 2009

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

အာဆီယံအဖွဲ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကောင်စီ အနေနဲ့ သိက္ခာရှိရှိ လုပ်ဆောင်နေတာ ပေါ်လွင်စေဖို့ နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုတာ ပြသဖို့ အတွက် မြန်မာနိုင်ငံတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Rumuloက ဒီကနေ့ ဧပြီလ ၂ရက်မှာ ပြောလိုက်ပါတယ်။မြန်မာနိုင်ငံမှ အကျဉ်းသားများကဲ့သို့ ထောင်ဝတ်စုံ ဝတ်ဆင်၍ သံခြေကျင်း ခတ်ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြနေသူများ၏ ယခင်မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ အောက်တိုဘာလက အာဆီယံအဖွဲ့မှာ အသစ်ရေးဆွဲ အတည်ပြုလိုက်တဲ့ အာဆီယံချာတာအရ လူအခွင့်အရေးကောင်စီတခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံချာတာအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး စုံစမ်းခွင့် အပြစ်ပေးခွင့် အခွင့်အာဏာ မရှိခဲ့ပါတူးဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက အာဆီယံ၊ လူ့အခွင့်အရေးကောင်စီဟာ အခွံသက်သက် ဖြစ်တယ်လို့ ဝေဖန်နေခဲ့ကြတာပါ။

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောကြားချက်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံက လွှတ်တော်အမတ် မစ္စတာ ပင်မင်တယ် က အာဆီယံ ချာတာမှာ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးခဲ့ချိန်က အားလုံးက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အခြေခံတွေကို လိုက်နာမယ်ဆိုပြီး ထင်ခဲ့ကြတာပါလို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနိုင်ငံတခုအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက်တွေကို လိုက်နာလိမ့်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ဘာတခုမှ လိုက်နာခဲ့ခြင်းမရှိဘူးလို့ ပြောဆိုသွားတာပါ။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ လူတွေရဲ့ အခြေခံ လွတ်လပ်ခွင်ဖြစ်တဲ့ လူ့အခွင့်အရေးပြဿနာတွေကို ဘယ်လို အကာအကွယ်ပေးမယ်ဆိုတာ ဝိုင်းဝန်းစဉ်းစားသင့်တဲ့ အကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို သတိပြုမိအောင် အချက်ပြလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေနဲ့ အာဆီယံမိသားစုဝင် ဖြစ်လာတဲ့ ၁၉၉၇ခုနှစ်ကတည်းက နိုင်ငံတွင်း အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်မယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်ဆိုတာကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

RFA သတင်းမှ


0 comments: