ပရင့်၊ပီဒီအက်

Sunday, March 22, 2009

မလေးရှား သို့ လူတင်ပို့ရန် စီစဉ်နေသည့် စက်လှေ ဘင်္ဂလာဒေ့ခ်ျနိုင်ငံက ဖမ်းဆီး

မောင်အေး (နိရဉ္စရာ)

မလေးရှားနိုင်ငံသို့ လူတင်ပို့မည့် စက်လှေ တစီးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖလောင်းချိတ်ခရိုင် ကူတူဘော်ဒီယာကျွန်းတွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်။

သို့သော်လည်း မလေးသို့ သွားမည့်သူ တဦး တယောက်ကိုမှ ဖမ်းဆီး ရရှိခြင်း မရှိကြောင်း ဘင်္ဂလာရဲက ပြောသည်။

လူမှောင်ခို သမားများသည် မလေးသို့ သွားမည့် သူတဦးထံမှ တာကာငွေ ၅၀၀၀၀ စီ ယူပြီး ပို့ဆောင်ရန် စီစဉ်နေစဉ် သတင်းအရ အဆိုပါ စက်လှေအား ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသော စက်လှေမှာ လူ ၄၀ ခန့်စီးနင်းလိုက်ပါ နိုင်မည် ဖြစ်ပြီး စစ်လှေတွင် အမိုးအကာ မပါရှိကြောင်း သိရသည်။

ကော့ဘဇားထုတ် သတင်းစာ တစောင်အရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လောမ်ချီခါလီဒေသမှ ဆော့ရ်ဝါလ် အာလာမ် ဆိုသူမှာ မလေးရှားကို သွားရောက်နိုင်ရန် အတွက် ဖခင်ပိုင်ဆိုင်သည့် မြေကိုရောင်းပြီး တာကာငွေ ၄၀၀၀၀ ကို လူမှောင်ခို သမားများကို ပေးထားပြီဖြစ်ကြောင်းနှင့် တခြားသော လူငယ်တချို့မှာလည်း မလေးရှားသို့ သွားရန် ငွေရှာဖွေလျက်ရှိသည်ဟု သိရသည်။

ယခုအခါ ယင်းဒေသမှ လူမှောင်ခို ဂိုဏ်းခေါင်းဆောင် အီဆာဆိုသူမှ ဒေသအတွင်းရှိ လူငယ်များကို မလေးရှား သွားရန် လိုက်လံ စည်းရုံးနေသည်ဟု သိရသည်။

အဆိုပါ အီဆာသည် လွန်ခဲ့သည့် ၂၀၀၈ ခု နိုဝင်္ဘာလက လူ ၄၀ ကို စက်လှေတစီးနှင့် မလေးရှား သို့ တင်ပို့ခဲ့ပြီး ၂၀၀၉ ခု ဇန္န၀ါရီလကလည်း လူ ၂၀ ကို လှေတစီးနှင့် ပို့ဆောင်ခဲ့သည်ဟု သတင်းများက ဖေါ်ပြသည်။

လူ ၄၀ ယောက်ကို မလေးသို့ ပို့ပေးနိုင်လျင် အနည်းဆုံး တာကာငွေ ၉ သိန်းခွဲခန့် (အမေရိကန် ဒေါ်လာ ၁၅၀၀၀ ခန့်) အမြတ် ရရှိသည်ဟု အဆိုပါသတင်းစာက ရေးသားဖော်ပြသည်။

(နိရဉ္စရာ) သတင်းမှ


0 comments: