ပြီးခဲ့တဲ့နှစ် မေလဆန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်း သမီးလှကျွန်းမှာ သောင်တင်သွားခဲ့တဲ့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးကို ပိုင်ရှင်ကုမ္ပဏီက စွန့်လွှတ်လိုက်တဲ့အတွက် မြန်မာ့ ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းက ရရှိသွားခဲ့ပါတယ်။
အဲဒီ MV Cosmic Leader ဆိုတဲ့သင်္ဘောကို Eastern Car Liner ဂျပန်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ တန်ချိန် ၉၈ဝဝ၊ အလျား ၄ဝ၆ ပေရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို သွားလာနေတုန်း နာဂစ်မုန်တိုင်းမိပြီး သောင်တင်ခဲ့တာပါ။ အခုအခါ ပိုင်ရှင်ကုမ္ပဏီက ပြန်မယူတော့ဘဲ စွန့်လွှတ်လိုက်တာကြောင့် မြန်မာ့ကြယ်ငါးပွင့်က ပြန်လည်ပြင်ဆင်ပြီး အသုံးပြုမယ်လို့ သိရပါတယ်။
နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့်မှာ လက်ရှိ ပြေးဆွဲနေတဲ့ သဘောင်္ ၂၅ စီးရှိပါတယ်။
RFA-သတင်းမှ

0 comments:
Post a Comment