မြန်မာလူမျိုး ၃ ဦးကို ဒုံးပစ်လောင်ချာ ၅ လက်နှင့်အတူ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် တခုဖြစ်သော မီဇိုရမ်တွင် ပြီးခဲ့သည့် စနေနေ့က ဖမ်းမိခဲ့သည်ဟု မီဇို ရဲတပ်ဖွဲ့က ပြောသည်။
လက်နက်များနှင့်အတူ မြန်မာနှင့် နယ်စပ်မြို့ ကျန်ဖိုင်း (Champhai) တွင် ဖမ်းဆီးရမိခဲ့သည်ဟု ကျန်ဖိုင်းရဲစခန်းမှ ဒုရဲအုပ် အေဆိုင်လို (A. Sailo) က မဇ္ဈိမကို ယနေ့က ပြောဆိုခြင်း ဖြစ်သည်။
ကျန်ဖိုင်း ရဲတပ်ဖွဲ့သည် စီဇာချွန်းငါ (C. Zacchunga) ကို ဒုံးပစ်လောင်ချာ ၅ လက်နှင့်အတူ ပထမဦးဆုံး ဖမ်းမိခဲ့သည်။
အဆိုပါ လက်နက်များသည် ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) သို့ ပို့ဆောင်ရန် ဖြစ်ပုံရကြောင်းနှင့် ဆက်လက်၍ စုံစမ်း ဖော်ထုတ်ရာ နောက်ထပ် မြန်မာလူမျိုး ၂ ဦးဖြစ်သော အယ်လ်ဘတ် ဒီ မောင်ငါ (Albert D. Muanga) နှင့် ထန်း စွမ်း လျန်နာ (Thang Suan Liana) တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲအရာရှိ ဆိုင်လိုက ပြောသည်။
“ကျနော်တို့ ဒုံးပစ်လောင်ချာ ၅ လက်ကို သူ့ (ဇာချွန်းငါ) ဆီက မိတယ်။ ဒီလက်နက်တွေက မြန်မာနိုင်ငံက သယ်လာတာတွေ” ဟု သူက မဇ္ဈိမကို ပြောသည်။
သို့သော် ယင်းလက်နက်များသည် ရောင်းချရန် ယူလာခြင်းလော၊ အခြားမည်သည့်ကိစ္စ အသုံးပြုရန်အတွက်လော ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။
၃ ဦးစလုံးသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်မှ လာသူများဖြစ်ကြောင်းလည်း သူက ပြောသည်။
“အခု သူတို့ကို အိုက်ဇောကို ခေါ်သွားလို့ လမ်းမှာ ရောက်နေပါပြီ။ သူတို့အမှုကိုလည်း အဲဒီမှာပဲ စစ်မှာပါ” ဟု ဆိုင်လိုက ဆိုသည်။
၃ ဦးစလုံးကို

အဆုံးကျန်ဖိုင်းရဲဌာနက အိုင်ဇောသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း အိုင်ဇောခရိုင်ရဲဌာန လက်ထောက် ရဲတပ်ဖွဲ့မှူး အာဒီ (R.D) ကလည်း မဇ္ဈိမကို ယနေ့ အတည်ပြုပြောဆိုသည်။
၂ဝဝ၈ ခုနှစ် ဇွန်လအတွင်းကလည်း အိုင်ဇောမြို့အနီး ဆီးဖား (Siphir) မြို့တွင် မီဇိုရမ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ အေကေ ၄၇ ရိုင်ဖယ်သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့သေးသည်။
မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဝင်ရောက်လာနိုင်သော နှစ်နိုင်ငံ နယ်စပ်အရှည်မှာ ၄ဝ၄ ကီလိုမီတာ ရှည်လျားပြီး၊ ယင်းနယ်စပ်ကို မှောင်ခိုသမားများနှင့် စီးပွားရေးသမားများက လက်နက်များ၊ မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူရန် မကြာခဏ အသုံးပြုကြသည်။
***************************+++++++++++*********************************
ခြစားမှုကို ဖော်ထုတ်သူ ဧည့်စာရင်းဖြင့် ထောင် ၇ ရက် ကျခံရ
ဖနိဒါ
ရန်ကုန်တိုင်း တွံတွေးမြို့မှ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူနှင့် အန်အယ်ဒီ လူငယ် ၃ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ယမန်နေ့က ချလိုက်သည်။
တွံတေးမြို့ ဈေးသစ်ရပ်ကွက်မှ မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်နှင့် သူ့အိမ်တွင် အလုပ်လုပ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်းနှင့် မောင်သန်းမြင့်တို့ကို ၁၉ဝ၇ ခုနှစ် မြို့ပြဥပဒေဖြင့် တရားသူကြီး ဦးအေးကိုကိုက ပြစ်ဒဏ်ချခြင်းဖြစ်သည်။
“ဦးခင်ဇော် အပါအဝင် အားလုံးပေါင်း ၈ ဦးလေ။ အဲဒီထဲက ၄ ဦးကတော့ တွံတေးမြို့ပေါ်မှာနေတဲ့ မြို့သားတွေ
ဆက်ဖတ်ကြည့် ရန်....
*******************************++++++++++*********************************
City FM လိုင်း ၄ လိုင်း မကြာမီ တိုးချဲ့ ထုတ်လွှင့်မည်
ဖနိဒါ
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများတွင် City FM လိုင်း ၄ လိုင်းကို မကြာမီ တိုးချဲ့ထုတ်လွှင့်သွားမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိ ထုတ်လွှင့်နေသော ရန်ကုန် City FM နှင့် မန္တလေး City FM အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသများ၌ ဖမ်းယူရရှိနိုင်မည့် လိုင်း ၄ လိုင်းကို တိုးချဲ့ကာ မကြာမီ လပိုင်းအတွင်း ထုတ်လွှင့်နိုင်ရန် ပြင်ဆင်နေပြီဟု ဂီတအစည်းအရုံးမှ ထိပ်တန်း ဦးဆောင်သူတဦးက ပြောဆိုခြင်းဖြစ်သည်။
သူက “အခုဟာက အစိုးရက ချပေးတယ်။ အစိုးရနဲ့
ဆက်ဖတ်ကြည့်မယ်....
ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
(မဇ္ဈိမ)သတင်းမှ

0 comments:
Post a Comment