မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Quintana ဟာ ဒီကနေ့ ညနေပိုင်းက အင်းစိန် အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။ Mr. Quintana နဲ့အတူ သံတမန်တချို့လည်းပါဝင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အနီးရှိ နာမည်ကျော် အင်းစိန်ထောင် အဝင်ဝတွင် ထောင်ဝင်စာတွေ့ရန် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
မျက်မြင်သက်သေတဦးက RFA ကို ခုလိုပြောပြပါတယ်။
'အင်းစိန်ထောင်ထဲကို ဝင်သွားပြီ၊ အခု မိနစ်သုံးဆယ်လောက်ရှိပြီ အထဲဝင်သွားတာ။ သူ့ရှေ့က ဘောက်စ်ဝက်ဂွန်တစီးရယ်၊ လုံခြုံရေးကား နှစ်စီးရယ်၊ နောက်က ကားငါးစီးပေါ့။ အဲဒီကားငါးစီးနောက်မှာ လုံခြုံရေးကားတစီး လိုက်တယ်။ အဲဒီနောက်မှာမှ သံရုံးကားနှစ်စီး လိုက်သွားတယ်'
Mr. Quintana အင်းစိန်ထောင်ကို လာရောက်ချိန်ဟာ ညနေလေးနာရီခန့်က ဖြစ်ပါတယ်။ ခုလိုလူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင်ကို လာရောက်ပေမယ့် အင်းစိန်ထောင်မှာ နိုင်ငံရေးအမှုတွေနဲ့ ထောင်ချလိုက်သူအများစုကို နယ်ဝေးထောင်တွေကို ပြောင်းရွှေ့လိုက်ပြီဖြစ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ်အနေနဲ့ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၅၄ ဦး ကျန်သေးတယ်လို့ ဆိုပါတယ်။ AAPP အဖွဲ့က ကိုအောင်ကျော်ဦးက ခုလိုပြောပြပါတယ်။
ရန်ကုန်မြို့အနီးရှိ နာမည်ကျော် အင်းစိန်ထောင် အဝင်ဝတွင် ထောင်ဝင်စာတွေ့ရန် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)မျက်မြင်သက်သေတဦးက RFA ကို ခုလိုပြောပြပါတယ်။
'အင်းစိန်ထောင်ထဲကို ဝင်သွားပြီ၊ အခု မိနစ်သုံးဆယ်လောက်ရှိပြီ အထဲဝင်သွားတာ။ သူ့ရှေ့က ဘောက်စ်ဝက်ဂွန်တစီးရယ်၊ လုံခြုံရေးကား နှစ်စီးရယ်၊ နောက်က ကားငါးစီးပေါ့။ အဲဒီကားငါးစီးနောက်မှာ လုံခြုံရေးကားတစီး လိုက်တယ်။ အဲဒီနောက်မှာမှ သံရုံးကားနှစ်စီး လိုက်သွားတယ်'
Mr. Quintana အင်းစိန်ထောင်ကို လာရောက်ချိန်ဟာ ညနေလေးနာရီခန့်က ဖြစ်ပါတယ်။ ခုလိုလူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင်ကို လာရောက်ပေမယ့် အင်းစိန်ထောင်မှာ နိုင်ငံရေးအမှုတွေနဲ့ ထောင်ချလိုက်သူအများစုကို နယ်ဝေးထောင်တွေကို ပြောင်းရွှေ့လိုက်ပြီဖြစ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ်အနေနဲ့ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၅၄ ဦး ကျန်သေးတယ်လို့ ဆိုပါတယ်။ AAPP အဖွဲ့က ကိုအောင်ကျော်ဦးက ခုလိုပြောပြပါတယ်။
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ၄၅ဝ ကျော်ရှိတယ်။ အဲဒီအထဲမှာ သီလရှင်တွေ ပါတယ်၊ ဘုန်းကြီးတွေရှိတယ်၊ ကျောင်းသားတွေရှိတယ်။ အဲင်အယ်ဒီတွေရှိတယ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေရှိတယ်။ ၈၈ မျိုးဆက် ကျောင်းသားထဲက နိုဗယ်အေး ရှိတယ်၊ နှင်းမေအောင်၊ သင်္ဃန်းက္ဆွန်းက။ တချို့က ထောင်ချပြီးသွားပြီ အင်းစိန်မှာ ကျန်နေတာ။ ယဉ်ယဉ်ဝိုင်းဆိုရင် ရုံးတင်ဆဲပဲ ရှိသေးတယ်။ ဇော်ထက်ကိုကို ဆိုရင် ထောင်ကျသွားပြီ၊ ဒါပေမယ့် ကျန်နေသေးတယ်။ ဇော်မင်း ကျတော့ ကျနော်တို့ရတဲ့ သတင်းအရဆိုရင် သူ့ကိုထောင်ပြောင်းပြီးသွားပြီ၊ ထောင်ပြောင်းပြီးတော့မှ ပြန်ခေါ်လာပြီး အခု နောက်တမှုတပ်ထားတယ်'
လူ့အခွင့်အရေးကိုယ်စားလှယ်အနေနဲ့ မနေ့က ကရင်ပြည်နယ်မှာရှိတဲ့ ဖားအံထောင်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ခုလို ထောင်တွေကို သွားရောက်ခဲ့ပြီးတဲ့နောက် ဘယ်အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။
ဒါ့အပြင် လူ့အခွင့်အရေးကိုယ်စားလှယ်အနေနဲ့ NLD ပါတီနဲ့ တွေ့ဆုံခွင့်လည်းမရသေးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ် ဆိုတဲ့ သတင်းလည်းမရသေးဘူးလို့ NLD ပါတီက ပြောပါတယ်။
Mr. Quintana ရဲ့ မြန်မာနိုင်ငံအကျဉ်းထောင်တွေကို သွားရောက်တာနဲ့ ပတ်သက်ပြီး AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
နားထောင်ရန်ဆက်သွယ်မေးမြန်းချက်။
RFA မှကူးယူပါသည်။

0 comments:
Post a Comment