နိုးစက်သံက မနက် ၇း၃၀လောက်မှာ မြည်လာတယ်။ဖွင့်လို့မရတဲ့မျက်စိ ကို ကြိုးစားပြန်ဖွင့်မနေပဲ လက်ကအလိုလို နိုးစက်ကိုပိတ်မိ ရက်သား။ ဒါက နေ့စဉ် မနက်အိမ်ယာထတိုင်း လုပ်နေကြ ပြန်နပ်ဦးမယ်လေ....တစ်ရေး လောက်။ နိုးစက်ကိုသာ ကြိုပေးထားတာ ဘယ်တော့မှ အိပ်ယာ စောစောမထတက်တာက အကျင့်ဖြစ်နေ ပြီး။ ညစဉ် အိပ်ယာဝင်တာကလည်း အမြဲ တမ်း ၂နာရီ ။ အိပ်တာက နောက် နောက်ကျနေတာ ဆိုတော့....။ ခင်တဲ့ အကို၊အမတွေ က စောစော အိပ်ဖို့ ဆုံးမနေတာတောင် အမှတ်မရှိတာ ကျွန်တော်၊
အာ...ထမှ..... မေ့နေတာ ဒီနေ့ အလုပ်မဆင်းဘူးလေ ပီနန်သွားဖို့ သဌေး ကိုပြောထားပြီးသား ။ စောစော က နိုးစက်ပေးထားတာ ဘာအတွက်ဆိုတာ ကို ခုမှ အလိုလို သတိယပြီး ဗြုံးဆို ထထိုင်လိုက်မိတယ်။ ချက်ခြင်း တစ်ဖက်ခန်းက အိပ်နေတဲ့ ညီငယ်
တက်လူငယ် ကိုပါလှမ်းနိုး လိုက်တယ် ။ထတော့ ညီ... ရေချိုး၊အဝတ်စား လဲတော့ တို့ နောက်ကျနေမယ် ။ ဘယ်လို သွားကြမလည်း ဆိုတဲ့ အစီအစဉ်ကို ဖုန်းဆက်ပြော မယ်ဆိုတဲ့ ညီတော် အန်(န်)စလင်း ဘာမှ အကြောင်း မကြားသေးဘူး အဲဒီတော့ တို့ နှစ်ယောက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လစ်မယ် မြန်မြန်လုပ်......ညီရေ။
ပီနန်သို့ ရောက်ကာနီး ဖယ်ရီသင်္ဘောပေါ်မှမြင်ရပုံ(အထပ်အမြင့်ဆုံးအဆောက်အဦးမှာ(Comter)ဟောပြောပွဲကျင်းပရာနေရာ ဖြစ်ပါသည်။)
မေ့တော့ မလို့ဗျ... ဒီနေ့ က ၂၅.၁၂.၂၀၀၉ ခရစ္စမက်နေ့ ။ ရန်ကုန် ကနေ့ စာရေးဆရာကြီးတွေ ဖြစ်တဲ့ ဆရာ ချစ်ဦးညို၊ ဆရာနေဝင်မြင့် နဲ့ ဆရာမ ဂျူး တို့ တွေ လာရောက်ပြီး ဟောပြောမယ့် စာပေဟောပြောပွဲ ရှိတဲ့နေ့။ လုပ်မယ့် နေရာက ပီနန် ကောင်တာ(comter) ကုန်တိုက် မှာ ရှိတဲ့ မကြာခဏ မြန်မာ လူမျိုးတွေ ပွဲလမ်းသဘင်တွေ လုပ်နေကြ (Dewan Tunku )ခန်းမထဲမှာ။

ပီနန်မြို့ အလှကိုတဖက်ကမ်းမှမြင်ရပုံ
အာ...ထမှ..... မေ့နေတာ ဒီနေ့ အလုပ်မဆင်းဘူးလေ ပီနန်သွားဖို့ သဌေး ကိုပြောထားပြီးသား ။ စောစော က နိုးစက်ပေးထားတာ ဘာအတွက်ဆိုတာ ကို ခုမှ အလိုလို သတိယပြီး ဗြုံးဆို ထထိုင်လိုက်မိတယ်။ ချက်ခြင်း တစ်ဖက်ခန်းက အိပ်နေတဲ့ ညီငယ်
တက်လူငယ် ကိုပါလှမ်းနိုး လိုက်တယ် ။ထတော့ ညီ... ရေချိုး၊အဝတ်စား လဲတော့ တို့ နောက်ကျနေမယ် ။ ဘယ်လို သွားကြမလည်း ဆိုတဲ့ အစီအစဉ်ကို ဖုန်းဆက်ပြော မယ်ဆိုတဲ့ ညီတော် အန်(န်)စလင်း ဘာမှ အကြောင်း မကြားသေးဘူး အဲဒီတော့ တို့ နှစ်ယောက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လစ်မယ် မြန်မြန်လုပ်......ညီရေ။
ပီနန်သို့ ရောက်ကာနီး ဖယ်ရီသင်္ဘောပေါ်မှမြင်ရပုံ(အထပ်အမြင့်ဆုံးအဆောက်အဦးမှာ(Comter)ဟောပြောပွဲကျင်းပရာနေရာ ဖြစ်ပါသည်။) ဒီလိုနဲ့ နှစ်ယောက်သား လမ်းလျှောက် ဘတ်(စ်)ကားဂိတ် ကိုရောက် ဘတ်(စ်)ကားက လည်းအရောက် အဆင်ပြေလိုက်ပုံက ၁ စက္ကန့် တောင်မစောင့် လိုက်ရဘူး။ လိုင်းကားပေါ်မှာ ညီတော် အန်(န်) စလင်း ကို ဖုန်းဆက်မေးမလို့ လုပ်မှ တက်လူငယ် ဖုန်းရော ကျွန်တော့်ဖုန်း နှစ်လုံးမှာ ဘာ ပိုက်ဆံမှ မရှိဘူး မေ့နေတာ ထည့်ဖို့။ အဲလိုဆို ရှေ့ က လေးမှတ်တိုင်လောက်မှာ ဆင်းရတော့မယ် ဖုန်းကဒ်ဝယ်ဖို့ ဒါဆို အန်(န်)စလင်း တို့ နေ့တဲ့ နေရာနဲ့ နီးနေပြီး အိုကေပဲ။ဖုန်းကဒ်ဝယ် ထည့် ဆက်မယ်လုပ်နေတုန်း အန်(န်)စလင်းက ဖုန်းဆက်လာတယ် အကိုတို့ ခုထွက်လာခဲ့ပါ ကျွန်တော်တို့ လည်းအိမ်ကထွက်လာကြပြီး ကားဂိတ်မှာ စောင့် မယ်တဲ့။ အားကိုးရရဲ့ မေ့ မနေတာ ကံကောင်း။
ဒီလိုနဲ့... အားလုံးနဲ့ တွေ့ အဆင်ပြေ အုပ်စုက တော်တော်များသွားတယ် ၁၀ ယောက်လောက်ရှိမယ် ပီနန် စာပေဟောပြောပွဲ ရှိတဲ့နေရာကို လစ်ခဲ့ ကြတယ်။ဝေးတယ်ဗျ ကျွန်တော်တို့ က တဖက်ကမ်း ကနေ လာရတာ ဟိုဘက်ဒီဖက် ကို ဖယ်ရီ(ဇတ်) ကူးရသေးတာ။
ဘယ်မှ ဝင် မနေ့တော့ဘူး ရောက်တာနဲ့ အခန်းအနားကျင်းပရာ ခန်းမကြီးစီ ကိုချီတက်ခဲ့ကြတယ်။
အားပါး ..... ကျွန်တော်ထင်မထားဘူး အဲဒီလောက်ခမ်းခမ်းနားနား ပြင်ဆင်ထားလိမ့်မယ်လို့ အဖြစ်သဘော လောက်ပဲထင်ခဲ့မိတာ တက်တက်စင်အောင် မှားပေါ့ ။အခမ်းနား ပြင်ထားတာ လန်းတယ်ဗျာ ။အပေါက်ဝ အဝင်နားမှာ နာမည်ကြီး စာရေးဆရာဆရာမကြီးတွေ ရဲ့ ဓါတ်ပုံတွေကို ပြသထားတာ တွေ့ ရတယ်။

နောက် ယခု ဟောပြောပွဲ ကို ကြွရောက်လာကြတဲ့ ဆရာချစ်ဦးညို ၊ဆရာနေဝင်မြင့် ၊ဆရာမ ဂျူး တို့ ရဲ့ ထွက်ရှိပြီး စာအုပ်တစ်ချို့ ကို အမှတ်တရ ရောင်းချပေးနေတာ တွေ့ ရပါတယ်။ ကောင်းမွန်တဲ့ အစီအစဉ် တော်ကြ ပါပေတယ်ဗျာ။ စီစဉ်ကြတဲ့ ဟောပြောပွဲ ကော်မတီလူကြီးတွေရယ် ဆပွန်ဆာပေးခဲ့ကြတဲ့ ကုပ္မဏီတွေ ကူညီပေးကြတဲ့ လူငယ်အဖွဲ့ တွေကို လေးစားမိ ပါတယ်။ ကိုယ်နိုင်ငံ ကိုယ်ရပ် ကိုယ့်ဒေသ မဟုတ်ပဲ သူများနိုင်ငံမှာ ဒီလို တစ်ခမ်းတစ်နား ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတဲ့ အတွက် စာရေးဆရာ ဆရာမ ကြီးတွေ မျက်နှာမငယ်ရတော့ဘူး ။ ကိုယ်နိုင်ငံသားတွေ တွက်လည်းဂုဏ် ယူမိပါတယ်ဗျာ။ ကျေးဇူးပါ။
ကျွန်တော်တို့ ရောက်ပြီး မကြာမီ မှာပဲ အခမ်းနား အစီအစဉ်ကို စတင်ပါတယ် ( ၁၂ ) နာရီ လို့ထင်ပါတယ်။အစီအစဉ်ကို ဟန်ချက်ညီညီ နဲ့ တင်ဆက်သွားပါတယ်။ လက်မှတ်တွေကို ရန်ပုံငွေ သဘောမျိုးနဲ့ တစ်စောင် မလေးရှားရင်းဂစ် (၁၀) နဲ့ ရောင်းခဲ့ပါတယ်။ နောက်ပျော်ရွှင်မှု အနေနဲ့ လက်မှတ်တွေကို ကံစမ်းမဲ ဖောက်ပေးဦးမယ်လို့ ကြေငြာနေပါတယ်။

အရင်ဆုံး အခမ်းနားမှူးမှ စာပေဟောပြောပွဲ ဖြစ်ပေါ်လာရပုံနှင့် ပြောကြားသွားပါတယ်။နောက်ထပ် ဖြစ်မြောက်ရေးကော်မတီ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါတယ်။
သည်နောက်မှာ ဆိုရင် အော်ဂင်ဖြင့် ဧည့်သည်တော်များဖြစ်ကြတဲ့ ဆန္ဒယားဆရာ ဦးသိန်းအောင် နှင့် တေးသံရှင်း မြနဒီ တို့မှ ရတုဘုရင် သီချင်းဖြင့် တွဲဖက် သီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်က စိတ်ပါဝင်စားစွာနဲ့ လက်ခုတ်သြောဘာ တီး အားပေးခဲ့တာ တွေ့ရပါတယ်။
သီချင်းဖျော်ဖြေ ပြီးတဲ့နောက်မှာ ဆိုရင် ဆရာ နေဝင်မြင့် ရဲ့ ဟောပြောမှုကို စတင်ခဲ့ပါတယ်။ဆရာ က သူ့၏ဝတ္တု တွေ ထဲမှ မှတ်သားစရာများ ၊ဘဝ အတွေ့ အကြုံပေါင်းများစွာကို လာရောက်အားပေးနားထောင်ကြတဲ့ လူငယ်ပရိတ်သတ်ကို စိတ်ပါဝင်စားအောင် ပိုင်နိုင်စွာဖြင့် ဟောပြောသွားခဲ့တာ တွေ့ရပါတယ်။ဆရာ ရဲ့ အဟော အပြော တွေ နောက်ကိုလိုက်ပါရင်း ထမင်းစားချိန် တွေ ကျော်လို့ ၂ နာရီအထိ ရောက်ရှိခဲ့ ပါတယ် ။ဆရာရဲ့ ဟောပြောမှုနောက်ကို လိုက်ပါလွင့်မျောသွားခဲ့လို့ ကျွန်တော်တို့ ဗိုက်ဆာတာကိုတောင်မသိလိုက်ရဘူးခင်ဗျ။
ဒီလိုနဲ့ ဆရာ နေဝင်မြင့်  ရဲ့ဟောပြောမှုကို အဆုံးသတ်ရင်းမနက်ပိုင် ထမင်းစားချိန် နားခဲ့ ပါတယ်။
ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်ကို ကောင်ညှင်းပေါင်း ငါးခြောက်ကြော် တို့ဖြင့် ဧည့်ခံ ကျွေးမွေးပါတယ်။
ဒီအချိန်မှာတော့ ဆရာ၊ဆရာမ တို့ တတွေဟာကောင်းကောင်း ကောင်ညှင်းပေါင်းမစားကြရ၊ အနားမရကြရပါဘူး။လာရောက်ကြတဲ့ ပရိတ်သတ် လူငယ်များမှ ဆရာ ၊ဆရာမ တို့၏ ဝတ္တုစာအုပ်များကို အမှတ်တရဝယ်ယူ ပြီး လက်မှတ် အမှတ်တရထိုးခိုင်းကြပါတယ်။ တစ်ယောက်တလှည့် ဆရာ ၊ဆရာမတို့နှင့် ဓါတ်ပုံတွဲရိုက်ကြပါတယ်။ဆရာ၊ဆရာမတို့က မာန်မာန မထားရှိပဲ တစ်ချက်မှ မငြိုငြင် တစ်ချက်မျက်နှာမပျက် အပြုံးတွေ ဝေဝေဆာဆာ ဖြင့် အားလုံးသော စာပေချစ်မြတ်နိုးသူ လူငယ်များ၏ မေးမြန်းမှုများ ကို တစ်ဖက်က လက်မှတ်တွေ မနားတမ်းထိုးပေးရင်း ဖြေကြားပေးတာကိုတွေ့ ခဲ့ ရပါတယ်။အမေအိမ် ၊အမိမြေနဲ့ ဝေးနေကြရတဲ့ လူငယ်တွေ အတွက်တော့ ...ဆရာ၊ဆရာမတို့ရဲ့ စေတနာ မေတ္တာ၊ အပြုံးတွေ ဟာ အိမ်ကို လွမ်းနေကြတဲ့ အလွမ်းတွေကို ပြေပျောက်စေခဲ့တယ်လို့ ထင်ပါတယ်။
ညနေပိုင်အစီအစဉ်ကိုတော့ ခဏ နား ၊စားသောက်ပြီးတဲ့ အချိန် မှာ ဆရာမ ဂျူး ရဲ့ ဟောပြောမှု ကို စတင်ခဲ့ပါတယ်။ ဆရာမကလည်း ပရိတ်သတ် စိတ်ဝင်စားစေမည့် အချစ်အကြောင်း ၊ကဗျာ အကြောင်း ဘဝအတွေ့ အကြုံ မှတ်သားစရာတွေ လောလောဆယ် ဆရာမ လုပ်ငန်းတစ်ခုဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး စတဲ့ အကြောင်းအရာများစွာကို ဟောပြောသွားခဲ့ ပါတယ်။ပရိတ်သတ် အတွက် တစ်စုံတစ်ရာသော အသိပညာတွေ မှတ်သားစရာတွေ ရရှိခဲ့မယ်လို့ ထင်ပါတယ်။
နောက်ဆုံပိတ်မှာ အိပ်နဲ့ လွယ်တယ်လို့ ပြောစမှတ်တွင်အောင်အောင် ဟောပြောသွားခဲ့တာကတော့ ဆရာ ချစ်ဦးညို ပဲဖြစ်ပါတယ်ဗျာ။ ဆရာကတော့ အပြောအဟော အပြင် အဆိုလေးကိုပါ ဆန္ဒယားဆရာ ဦးသိန်းအောင် နဲ့ တွဲလို့ သီဆို ခဲ့တာ တွေ့ ရပါတယ်။ဆရာသီဆိုသွားခဲ့တာကတော့ တစ်ခေတ်တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မန္တလေးမှ တေးရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာတင် ရဲ့ အုံ့ပုံးချစ်၊ယခုဆိုလျှင် နိုင်ငံတော်သီချင်း ဖြစ်သွားခဲ့တဲ့ တို့ဗမာသီချင်း နှင့် ဆရာမြို့မငြိမ်း လူချွန်လူကောင်းသီချင်းများ ဆရာဇော်ဂျီရေးသားခဲ့တဲ့ ဗေဒါလမ်းကဗျာတို့ ကို ရေးသားခဲ့ပုံနှင့် ခံစားရပုံ အဖွဲအနွဲ့ အစုံအလင်ဖြင့် ဆရာ ချစ်ဦးညိုကိုယ်တိုင် သီဆို၍ တစ်ဖုံ ရှင်းလင်းဟောပြောခဲ့ပါတယ်။ဆရာရဲ့ ခေါင်းစဉ် ပေးထားတဲ့ အတိုင်း အနုပညာ ရေးဖွဲ့သူနှင့် အနုပညာ ခံစားသူတို့ အကြောင်းကို ဆရာရဲ့ အနုပညာ သက်တမ်း အရ အတွေ့အကြုံအစုံအလင် ဗဟုသုတ အစုံ အလင်တွေဖြင့် ဟောပြောရင်း ညနေ ၆ နာရီဟာ ခွဲ ကို ရောက်မှန်းမသိ ရောက်ရှိခဲ့ ပါတယ်။
ဆရာနှစ်ယောက်နှင့် ဆရာမတို့ဟာ အစ အလယ် အဆုံး သုံးဦးစလုံး ဟောပြောသွားကြတာဟာဖြင့် ၂၀၀၉ ခုနှစ် ၂၅ ရက် ၊ဒီဇင်ဘာ ခရစ္စမတ် ဟာဆိုရင်ဖြင့် အဓိပ္ပာယ်ပြည့်ဝသောနေ့တစ်နေ့၊ မှတ်သားနာယူထိုက်သော အလွန်ကောင်းမွန်သော စာပေ ဟောပြောပွဲ တစ်ခုကျင်းပခဲ့တာ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်ဗျာ။စာပေ ချစ်တဲ့ ပရိတ်သတ် လူငယ်များဟာလည်း စည်းကမ်းရှိရှိနဲ့ နိုင်ငံကြီးသ ပီသစွာ၊ပျော်ရွှင်စွာအားပေခဲ့ကြပါတယ်။ပြောစရာရှိတာကတော့ အခမ်းနားမှူး လုပ်ခဲ့တဲ့ ဦးလေး ကြီးဟာ လိုအပ်တာထပ်ပိုနေတယ်လို မြင်မိပါတယ် ။(ကျွန်တော်ရဲ့ အမြင်ပါ။ ပုဂ္ဂိုလ်ရေးအရ ထခိုက်စေလိုသော အကြောင်းတစ်ခုမှမပါပါဘူးခင်ဗျာ) ။ဒီလိုနဲ့ နောက်ဆုံးအစီအစဉ်အရ လက်မှတ်များကိုကံစမ်း မဲ ဖောက်ကာအစီ အစဉ်ကို အဆုံးသတ် ခဲ့ ပါတယ် ။
ဆရာ တို့ ဆရာမ တို့နဲ့ အေးအေးဆေးဆေး စကားပြောမယ် အင်တာဗျူးမယ်လို့ စဉ်းစားထားခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင် အချိန်ဟာ ဘယ်လို့မှ မရခဲ့ သလို့ ဆရာ တို့ ဆရာမတို့ကို လည်း အားနာ မိတဲ့တွက် အစီအစဉ်ဖျက်လိုက်ရပါတယ်။ဓါတ်ပုံတော်တော်များများ တော့ ရိုက်ခဲ့ ရပါတယ်။ကျွန်တော်တို့ အဖွဲ့ဟာ ၇ နာရီကျော်လောက်မှာ အပြန်လမ်းကို လှမ်းခဲ့ပေမယ့် အိမ်ကိုတော့ ည ၁၀ နာရီကျော်မှ ရောက်ရှိခဲ့ပါတယ်ဗျာ။
ဘာပဲဖြစ်ဖြစ် ဒီနှစ် အတွက်မလေးရှားနိုင်ငံ ၊ ပီနန်မြို့၊ တော်မှာ ပထမဆုံးအကြိမ်လုပ်ခဲ့တဲ့ စာပေဟောပြောပွဲဟာ အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာပြီးဆုံးသွားခဲ့ပါတယ် ။ နောင်နှစ်မှာလည်း ဒီလိုမျိုးစာပေ ဟောပြောပွဲကို ဖြစ်မြောက်အောင်လုပ်နိုင်ပါစေ ဆုတောင်းရင်း။
ဒီလိုပဲ ကျွန်တော်တို့လည်း အင်မတန်မှ အန္တရာယ်များလှတဲ့ အဖမ်းအဆီးများလှတဲ့ လမ်းခရီးမှာ ဘာ အထောက်အထားတစ်ခုမှမရှိပဲ ခက်တည်တည်နဲ့ ဝါသနာပါရာ စာပေချစ်မြန်နိုးတဲ့ စိတ်တခုတည်းနဲ့ သွားရောက်ခဲ့ တဲ့ ခရီးလမ်းဟာ အောင်မြင်ခဲ့ပါပြီး။ စာပေ ချစ်တဲ့ လူငယ်တွေ ရဲ့ စိတ်ထဲမှာ ဆရာတွေ ဆရာမတွေ ပြောကြားဟောကြားခဲ့တဲ့ ဗဟုသုတ အကြောင်းအရာတွေ ကိုရရှိခဲ့သလို တဒင်္ဂတွက်တော့ အိမ်ကို လွမ်းစိတ်တွေ ပြေပျောက် သွားစေမယ် ထင်ပါတယ်။ဒီလိုပဲ အိမ်ကိုသတိယနေတဲ့ အမေကိုချစ်တဲ့သား ၊သမီးတွေ၊ မိသားစုဝမ်းရေးတွက် နိုင်ငံရပ်ခြားမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဘဝတူ သူငယ်ချင်းတွေ အားလုံး ရည်မှန်းချက်တွေ ပြည့်စုံ၍ အိမ်အမြန်ဆုံးပြန်နိုင်ကြပါစေလို့ ဆုတောင်းရင်း.....။
[မှတ်ချတ်။ ။ ၂၅.၁၂.၂၀၀၉ ခရစ္စမတ်နေ့ တွင်ပြုလုပ်ခဲ့သော ပီနန်မြို့စာပေဟောပြောပွဲ ကို သွားရောက်လေ့လာ တက်ရောက်ရင်းဖြင့် ကျွန်တော်ရဲ့ အမြင်များကို အမှတ်တရ ရေးဖွဲ့ပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါက မည်သူနှင့် မျှ မသတ်ဆိုင်ပဲ ကျွန်တော်၏တာဝန်သာဖြစ်ပါတယ်ခင်ဗျာ။]
ခင်မင်မှုဖြင့်-
အားလုံးကို ပျော်စေချင်တဲ့...
မိုးသွေးငယ်(25.12.2009)

0 comments:
Post a Comment