ပရင့်၊ပီဒီအက်

Monday, April 13, 2009

၂၀၀၉ ပီနန် သင်္ကြန် အမှတ်တရ

မြန်မာ အတာသင်္ကြန်ပွဲကျင်းပရာ ပ်ီနန်မြို့မြန်မာဘုန်းတော်ကြီးကျောင်းမုဒ်ဦးပုံ

............*****.......----------******.......****...........----------------


သည်တခူး ရွှင်မြူး နှစ်ကူးရောက်ပြီးလေ…ရွှဲစိုအောင်ပတ်လိုက်တော့လေ…၂ဖုန်းကထည့်တဲ့ သီချင်းသံမြည်လာတယ်)၂ (RingingTone)ကိုသင်္ကြန်းတွင်းမို့ ဒီသီချင်းလေးထည့်ထားတာ မြန်မာပြည် အလွမ်းပြေပေါ့။ အိပ်တော့မယ် လုပ် မှ ဘယ်သူကဖုန်း ခေါ်ပြန်လည်း………ဟဲလို…ကိုလတ်ပါ။ “ဟဲလို...! ဟလို.....ကိုလတ် လား..............
ကျွန်တော်...xxxxx..
တနင်္လာ နေ့ မနက် ကျရင် သင်္ကြန်လိုက်ခဲ့မလား..ကျွန်တော်တို့ ကားငှားထားတယ်။
ပီနန်ဘုန်းကြီးကျောင်းမှာ...”

အဲဒီနေ့က...ဖုန်းဆက်လာတာက ညီငယ် တယောက်ပါ။
ကျွန်တော် တအားသွားချင်တယ်ဗျာ..ခက်တာက ..အလုပ်က တဖက်..နောက် အလုပ်ပိတ်ရက်နဲ့ က လွဲနေတယ်လေ။သွားချင်တာက ပျော်ချင်တာတွေထက် ကျွန်တော် တို့ ဘလောက်ကို လာလည်မည့် သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ကြွားချင်တာ ပါတယ်။

အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေက သဌေးကို အလုပ်ပိတ်ရက် တောင်းဖို့ ပြောကြတော့ လောလောဆယ် အလုပ်က ဒီရက်မှများနေတယ်။အဲဒီတော့ ခါတိုင်း ၂ ရက် ၃ရက် ပိတ်ဖို့ ပြောရင် ရတယ် လေ ။အရင်နှစ်တွေက အေးဆေး။ဟော ဒီနှစ်မှသင်္ကြန်က အကျရက် က တနင်္လာနေ့ ကြီး..ပြောရ ကြပ်တယ်ဗျ။ ညှိကြရင်း နှစ်ဆန်း ၁ ရက်နေ့ သောကြာနေ့ စနေ၊တနင်္ဂနွေ ပိတ်ရက် ရရော။ဆရာ သမားတွေက နှစ်ဆန်း ၁ရက်နေ့ နားချင်တာကို..။ချပေါ့ အားလုံး သဘောပဲ။

ဟော ဘုန်းကြီးကျောင်းမှာ သင်္ကြန်က တနင်္လာနေ့ လုပ်မှာဆိုတော့လွဲရောဟ...။အလုပ်ဖျက် သွားရင် ကောင်းမလား.. မသွားပဲ နေရင်ကောင်းမလား.........။ဘာလုပ်ရမလည်း...ဘယ်လို လုပ်ပါ့ မလည်း.............။


...........................................

ပီနန်မြို့ ဘုန်တော်ကြီးကျောင်း...
အားပါးပါး....လူတွေ ...ရွာက ဘုရားပွဲကြနေတာပဲ..အဲ ..ဟုတ်သေးဘူးဗျ..ရန်ကုန်က ..စတိတ်ရှိုးထက် လူတွေ များတယ်...အို.....များမှများ....

.........................“ကိုလတ် ရေ ကျွန်တော်တို့ အဖွဲ့က ဒီမှာဗျ...။”

“ကိုလတ် တို့ နောက်ကျ လှချည်လား...ဒီဘက်ကို လာ လေ..။

“ဟော... ဟေ့ကောင်တွေ ဟိုမှာ.. ကိုလတ်..သွားဆွဲ ကွာ...”
ပြောတာ က ညီငယ်..co2zenith..အမယ်
လက်ကို

လာဆွဲ တာ ကညီငယ်တွေဖြစ်တဲ့ ရွှေမိုးညို နဲ့ မိုးတိမ်


ဟဟ..ဖြေးဖြေးလုပ်ပါဟ..ထွက်မပြေးပါဘူးကွာ။


“မရဘူး အကို ဟိုဘက်ကို နောက်မှ လစ် ကျွန်တော်တို့ အဖွဲ့ နဲ့ ကဲ ဦး..။”

“ ဒီမှာ ဝါးတီးရှိတယ်..နော်စားဦး..”

အော် ဒီကောင်တွေများ ရွှေရင်အေး တိုက်တာ ကို များ.......။

“ဟေ့ ရောင်... ဇောင်းလေး ...ရေ ယူလာဦးဟ အကို ကိုလောင်းရအောင်...”

အား..အေးပါ့...စောစော စီးစီး ...လုပ်ပြီးဟေ့

အဲ ..ဒီကောင်းတွေ ကြားထဲတော့ မလွယ်ဘူး..ဟိုလူက ဆွဲ ဒီလူက လောင်းနဲ့ ကိုယ်က ကလေးမကျ၊လူကြီးမရောက်....။ဟို မရောက် ...ဒီ မရောက်.....လူ့ကန့်လန့် ..ပေါ့....အာ ..မဟုတ်သေးပါဘူး...။
နေပါဦး ငါ့ ညီတို့ ရာ..မင်းတို့က ဘယ်ကဘယ်လို ရောက်လာကြတာလည်း....။

“အော် အကို ကလည်း ဒီလိုပဲပေါ့ ..”
“အကို ကရော ကျွန်တော်တို့ ကို မပြောပဲ တယောက်တည်း လာတာကရော....”


အဲ ...ဟုတ်သား..မပြောမိဘူး.. ပီနန်ဘုန်းကြီးကျောင်းမှာ ..သင်္ကြန်ပွဲ ရှိတာကို..အဟတ်..ကိုယ့်ဘက်ကို အမှု ပြန်ပတ်လာတယ်..။

အသာလေး လစ်မှ....ဘယ်သူမှ ဂရုမဆိုက်မိခင်လေး....။


.................................................***********........................................

“အမယ်အမယ်...ကိုယ်တော်..

ကုတ်ချောင်းချောင်းနဲ့...ဘယ်ကနေ ရောက်လာတုန်း.......”
“နင်ပြောတော့ သင်္ကြန်တွင်း ဘယ်မှ မသွားဘူးဆို …ခုမှ မိပြီ လာခဲ့ ..”

အောက်မလေး ... ခါးကြီးထောက် လို့ ရှေ့ ကနေ့ ပိတ် ရပ်နေတာ...ဘယ်သူတွေ များလည်း မှတ်တယ်...ဆွီဒင်က အမ မကြည်ကြည်ခိုင်၊ရန်ကုန်က အမ တွေ က အမနိုရာ နဲ့ မ..အေးမြတ်မြတ်မင်း တို့ တွေ လေ...............................

တကယ့် အမတွေ နဲ့ မှ တွေ့ ရတယ် နော်....



“ဘယ်ပြေးမလည်း..လာခဲ့...............”.

သွားပြီး.......ဟဟ ကိုလတ် အကောင်သေးသေး လေးကို သူတို့ က မညှာမတာ..ဆွဲခေါ်တယ်..ရေခဲ ရေတွေနဲ့ လောင်းတယ် ဗျ..။ခုမှ ခြောက်မယ့် ကြံသေးတာကို..အား..အေးလိုက်တာ ..စိမ့်နေတာပဲ...

မနက် အစောကြီးထဲ က အမ မေတ္တာရောင်ပြန် က ရေလာလောင်းသွားသေးတယ်..

“ဒီနေ့ သင်္ကြန်အကျ နေ့နော် ... မနက်စောစော ရေလာလောင်းတယ်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းးးးးးတဲ့ ”


နောက်ပြီး အုန်းထမင်းနဲ့ ဘဲသားတဲ့ ကျွေးသေးတယ်.. အသစ်.တွေ...ကျွေးစရာရှားလို့။

မစားချင်တာကို အမ တွေများ နော် ..ဝါးပါခွံ့ သေးတယ်..ဟီး...။
.........................................................................


ယောင်လည်လည်နဲ့ လစ်ထွက်တာတယ်..ဒီ အမတွေနားနေရင် ..ဆုံးမ စကားတွေ ကြားနေရဦးမယ်....

အမယ် ..ဒီမှာက မိန်းကလေးတွေ ချည်းပါလားဟ...ဟုတ်သဟေ့......ပျော်စရာပဲ.....


“အကိုကြီး လာတယ် ကွဟေ့... ရေနဲ့ပက် ကွာ.. ချုပ်ထား ..မလွတ်စေနဲ့...ဖမ်းထားကြ.....ပြေးပြီးဟေ့..”
“လိုက်ပါဟ ဖမ်းခေါ်ကြမယ်....”
ဟော ဗျာ ..ဘယ်သူတွေလည်းမှတ်တယ်...

ငါ့ ညီမတွေ ကြီး..ပဲ...ဟော ခေါင်းဆောင်က ငွန်ငယ်..အမယ် ခေါင်ခေါင်၊ သဉ္ဖာ၊ မေဇူ၊ ခိုင်ဇာ၊ မက်မက်၊ ဖူးမွန်၊လေးလေး၊ထွေးထွေး
..တို့ တွေ ပဲ ဟ...
အမယ် ဟိုး.. ဟင်းရေ အိုချက်နေတာလား. .ဝိုင်း မြီး၊ဝိုင်းသောက်နေတာလားမသိဘူး..ကျန်ညီမလေးတွေ ဖြစ်တဲ့ ညလေး၊သဇင်ဏီ ၊မလတ်နဲ့ ကဗျာဦး တို့တွေပေါ့။

ပြေးမှ ဒုက္ခတော့ ရောက်တော့မယ်......သူတိုက အဖွဲ့တောင့်တယ်...အများကြီးပဲ..။

လက်ထဲမှာလည်း အိုးမဲ တွေ နဲ့..မလွယ်ဘူး....။သင်္ကြန်မကြခင်ကတည်းက က..အိုးမဲ သုပ်ကျင့်နေတာ...သဉ္ဖာနဲ့ မေဇူက ကျွမ်းကျင် အဆင့် ရောက်နေပြီး..။ မချောင် ဘူး ထိလို့တော့....နာပြီးသာမှတ်...နှစ်ရက်လောက် ရေးဆေးလို့တောင် ပြောင် မယ် မထင်ဘူး...

ညီမတွေ က ...ကိုယ့် အကို ဆို ပြီး ညှာမှာ မဟုတ်ဘူး....ဖိုက်တာတွေ ပဲ....။
လွတ်တဲ့ နေရာ သွားနေမှပဲ ရမယ်...။ပြေးပြီးဟေ့..............။

............................................*********************..........................................

တွေ့ သမျှလူတွေကလည်း...ဘလောက်ဂါတွေများတယ်...သိသလိုလိုနဲ့ တွေ့ဘူးသလိုလို တွေပဲ...။ဘလောက်ဂါ သင်္ကြန်ဖြစ်မယ်..ဟဟဟ။



ဟော့..အကျီင်္မှာ ကဗျာ တွေနဲ့ ဒီဇိုင်းထွင် ဝတ်နေကြတာ အော်....... ရဲဝင့်သူတို့ အဖွဲ့ပဲ..။ ညီငယ်...အရုပ်ကလေးရော၊ နွယ်ရိုးရော..အိမ် ရော၊ အမယ် ဒေါင်းမင်း ..ရော ပြန်ရောက်နေတယ်ထင်တယ်....။

ဟော...ရဲဝင့်သူ....မြင်သွားတယ်...

“အကို အေးဆေးပဲလား.. တဲ့....လှမ်းမေးနေတယ်...။”


အေး တာမှ ညီရေ ခိုက်ခိုက်တုန် နေတယ်ဟ...။
.
........................................................................................

အမယ် ဒီမှာက ကိုတွီနိုင်း ၊ ဦးဂင်ကြီး၊ကိုမင်းမော်စိုး၊ကိုခွတ်ဒေါင်းမြေ၊ကိုပန်းစကား၊ကိုဆောင်းယွန်း၊Upasaka၊
ကိုစိုင်းတို့တတွေပါလား..။အော် မုန့်ဟင်းခါးစားရင် စကားပြောဆွေးနွေးနေတာနေမယ်။
နေတော့ ကိုယ်သွားရင် သူတို့စကားဝိုင်း ပျက်တော့မယ်....အေးလည်း..အေးနေပြီ..။ ပြန်မှ....

ပြန်ဖို့ အတူလာတဲ့ ဘော်ဒါတွေ ရှာဦးမှ..လူတွေတော့ စုံးသား...နာမည်မသိတဲ့သူတွေရော... မေ့နေတဲ့သူတွေရော...အာပါး အများကြီးဟ...ပျော်စရာ တော်တော် ကောင်းတာပဲ...။အော် ဒီနှစ်က သံချပ်တွေရော ယိမ်းတွေ ရော...စုံသား....တော်တော် စည်တာပဲ.................
ဘယ်သူမှ မတွေ့ခင် ဓါတ်ပုံတွေ ရှောက်ရိုက်ဦးမယ်...။ မိုးကလည်း နော် အုံ့နေတာပဲ....။နေတိုင်း ရွာနေတာ...

အား.....အေးတယ် ဗျ...အသည်းထဲ တောင် စိမ့်နေအောင်ကို အေးတာ...

ဘယ်သူ မှ လည်း ပြန်ဖို့ ပြင်တာ မတွေ့ ဘူး...ကိုဝင်းအောင်း တို့ အဖွဲ့ မတွေ့ တော့ ပါလား...ထားခဲ့ ပြီး ပြန်သွားတာလား....။ ရှမ်းလေးနဲ့ ထွန်းနိုင်ရော............ဘယ်ရောက်နေလည်း....
ဟေ့ကောင်တွေ...ဘယ်ရောက်ကုန်လည်း.....ချမ်းနေပြီကွ..။

အဝတ်ပိုက လည်း မရှိဘူး....အင်း..ဖျားမယ်ထင်တယ်။

.....အေးလိုက်တာ.....အေးတယ်....ဒုက္ခပဲ.....တအားအေး နေ..လို့....။
ကို.....လတ်.....ကိုလတ်......ကို..မိုး.....ကိုမိုး.....
ဟော.....ခေါ်သံလိုလို ကြားတယ်....ဟုတ်လားမသိဘူး....

ကိုလတ်...ကို..လတ်....

ကိုမိုး.......ကိုမိုးးးးးးးးးးးးးးးးးး အာ ခေါ်မရဘူးဟ..
လှုပ်ကြည့် ပါဦး...။
အေး..ကွ..။

လုပ်ပါဦးဟ...ဒီလောက်တောင်အိပ်လှချည်လား...

ရှိသေးရဲ့လား...စမ်းကြည့် ပါဦးဟ...ရပ်သွားပြီးလား...???????????။
ကိုလတ်..ကိုလတ်

အင်း ဘာလည်း..ဗျ ပြန် တော့မှာလား..။ခင်ဗျားတို့ က ဘယ်ရောက်နေတာလည်း...!!!!!!!!!!!

ဘာတွေ ပြောနေတာလည်း ဟ...ဘယ်ကို ပြန်မှာလည်း...။ ခင်ဗျာ အလုပ်မဆင်းဘူးလား
၈ နာရီခွဲတော့မယ်လေ..ထ..ထ ..ထတော့.. လေဗျာ...။
ခင်ဗျာ အိပ်နေတာ လည်း ဗျာ ...ရပ်တော့မယ် ..။
ဒီလောက်တောင်ဗျာ..မိုးတွေက ယို ကျ နေတာ ..
ခင်ဗျား အိပ် ယာ လည်းကြည့် ဦး...ရေ စိုရွှဲ နေတာပဲ...။
အဲဒါတောင် မနိုးဘူးဗျာ..။ဘယ်လို အိပ်နေတာလည်း..။

ကျွန်တော် တို့ က ခင်ဗျာ ညက အိပ်တာ နောက်ကျတယ်ဆို မနိုးပဲ နေတာ..။ အလုပ်ရှိတယ် သွားရမယ် အရေးကြီးတယ်ဆို လို့ နိုးနေတာ...။ ဟာ ..ခင်ဗျားတော့ ...အအေးပတ်တော့မယ်ဗျာ။


ဟာ!!!!!!!!!!!!

ဒါဆို..................။ ။


အားလုံးသောမိတ်ဆွေများ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။

ခင်မင်မှုများစွာဖြင့် ဘလောက်ဂါ ညီကို မောင်နှမ တချို့နှင့်အွန်လိုင်းပေါ်မှ ညီကို မောင်နှမများအားထည့်သွင်းရေးသားထားပါသည်။ တစ်ယောက်ချင်းခွင့်မတောင်းနိုင်သည့် အပေါ်တွင် နားလည်ခွင့်လွတ်ပေးလိမ့်မည် ဟုထင်ပါသည်။
ကျွန်တော် မရောက်ခဲ့သော ပီနန်ဘုန်းတော်ကြီးကျောင်း သင်္ကြန်မှ ဓါတ်ပုံများကို ရိုက်ကူးပေးသော ကိုဝင်းအောင်အားလည်း ကျေးဇူးတင် ရှိပါတယ်။

ခင်မင်မှုများစွာဖြင့် အားလုံးကို ပျော်စေချင်သူ

0 comments: