(ဓါတ်ပုံမှာ- အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု လက်မှတ်ကောက်ခံပွဲနှင့် ဓါတ်ပုံပြပွဲ အကျဉ်းချုပ် ပြုလုပ်သော မတ်လ(၂၁)ရက်နေ့မှ ဖြစ်ပါသည်)
AAPPB နှင့် FDB တို့ ဦးဆောင်သော နိုင်ငံတကာလှုပ်ရှားမှုတွင် မလေးရှားနိုင်ငံတွင်း ကောက်ခံရန် BWRPC မှ DPNS-Malaysia Brach နှင့်အတူ မလေးရှားနိုင်ငံ NGO များဖြစ်သော SUARMA (working for human rights) LRC (Labour Rescues Center) တို့လည်း ပူပေါင်းကူညီကြပေးသည်။
မလေးရှားနိုင်ငံတွင်း မလေးရှားပြည်သူများ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု နှင့် မြန်မာနိုင်ငံရေးအကျဉ်းသားများ အကြောင်း ဖြစ်ရပ်မှန်များအား နားလည်သဘောပေါက်ပြီး
ဝိုင်းဝန်းကူညီလာစေရေး အတွက် အဓိကရည်ရွယ်ကာ မတ်လ ၂၁ ရက်နေ့တွင် SUARAM မှကျင်းပသော Running (DVD) စတင်ဖွင့်လှစ်ပွဲအခမ်းအနားတွင် အကျဉ်းသားလွတ်မြောက်ရေး ဓါတ်ပုံပြပွဲ အကျဉ်းချုပ်တခုကို ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုအခမ်းအနားကို တက်ရောက်လာသော မလေးနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူများ၊ USA, UK, Demark စသော နိုင်ငံများမှ လာရောက်လည်ပတ်သည့ှ် စိတ်ဝင်စားသူများ စုစုပေါင်း (၅၀၀) ဦးခန့် လက်မှတ်ရေးထိုးပေးကြပါသည်။
ယ္ခုအခါ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ကောက်ခံခြင်းအား လက်မှတ်ပေါင်း (၃၄၀၀) ခန့် မလေးရှားနိုင်ငံတွင်းမှာ ကောက်ခံရရှိထားပြီး မလေးရှားအတိုက်အခံအမတ် ခုနှစ်ဦး စုပေါင်းပြီး လက်မှတ်ရေးထိုးပေးရန် ကတိပြုထားသော ရက်ချိန်းရရှိထားပါသည်။
http://malaysiaburma.blogspot.com မှကူးယူမျှဝေပါသည်။

0 comments:
Post a Comment