ပရင့်၊ပီဒီအက်

Wednesday, March 11, 2009

လွတ်လပ်မှုမရှိဆုံး နိုင်ငံများစာရင်းမှာ မြန်မာ ထိပ်တန်းမှပါဝင်

မြန်မာနိုင်ငံဟာ ဆူဒန်၊ မြောက်ကိုရီးယားနိုင်ငံတွေ ပြီးရင် ကမ္ဘာပေါ်မှာ လွတ်လပ်မှုအနည်းဆုံးနိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ မတ်လ ၉ရက် မနေ့က ထုတ်ပြန်တဲ့ နှစ်လည် အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့သည့် တနှစ်မြောက် နှစ်ပတ်လည် စက်တင်ဘာ ၂၇ရက်နေ့က လုံခြုံရေး ထူထပ်စွာ ချထားသော ရန်ကုန်မြို့တွင် သံဆူးကြိုး အရံအတားများ ကြားမှ ဆွမ်းခံကြွနေသော သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ညီလာခံကာလအတွင်း အချိန်ကိုက် ထုတ်ပြန်တဲ့ ပြည်သူကို အဖိနှိပ်ဆုံး အဆိုးတကာ့ အဆိုးဆုံးနိုင်ငံများ အစီရင်ခံစာမှာ နိုင်ငံ ၁၇ နိုင်ငံနဲ့ ဒေသ ၄ ခုက လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတွေကို ဖော်ပြထား ပါတယ်။

ဒီအစီရင်ခံစာမှာ ဆူဒန်၊ မြောက်ကိုရီးယားနဲ့ အတူ အဆိုးတကာ့အဆိုးဆုံး ၈ နိုင်ငံထဲမှာ မြန်မာ၏ အီကွေတိုရီယယ် ဂီနီ၊ လစ်ဗျား၊ ဆိုမားလီယား၊ တာ့မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒီနိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အဓိက အာရုံစိုက် ဖြေရှင်းသင့်ပါတယ်လို့ အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ Ms. Paula Shriefer က ပြောပါတယ်။

ဒီနယ်မြေနဲ့ နိုင်ငံတွေအတွင်း အုပ်ချုပ်သူအစိုးရက ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိန်းချုပ်ထားမှုဟာ ဆိုးဝါးပြင်းထန်ကြောင်း၊ လွတ်လပ်တဲ့ အဖွဲ့အစည်း အသင်းအပင်းနဲ့ နိုင်ငံရေးအတိုက်ခံတွေကို ဖိနှိပ်တားမြစ်ထားကြောင်း၊ ပြည်သူအများအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေထိုင်ရတာဟာ နေ့စဉ် လူနေမှုစရိုက် တခုဖြစ်နေကြောင်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီ ၈ နိုင်ငံအပြင် တရုတ်နိုင်ငံက တိဘက်ဒေသ၊ ရုရှားနိုင်ငံက ချက်ချညာဒေသတွေဟာလည်း ဖိနှိပ်မှု ပြင်းပြင်းထန်ထန် ခံစားနေကြရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

RFA သတင်းမှ

0 comments: