ပရင့်၊ပီဒီအက်

Saturday, January 17, 2009

အမေရိကန်ပြည်အတွက် ၂၀၀၉ ကံကောင်းခြင်း လက်ဆောင်




ဇန်န၀ါရီ ၁၆၊ ၂၀၀၉
ယမန်နေ့က ဂျက်အင်ဂျင်စက်ထဲ ငှက်ဝင်သဖြင့် နယူးယောက် လာဂွာဒီးယားက ယူအက်စ်အဲယားဝေးလေယာဉ်ကြီး နယူးယောက်မြို့တော်ကို ဖြတ်စီးတဲ့ ဟဒ်ဆင်မြစ်ထဲကို ဆင်းခဲ့ရပါတယ်။ လေယာဉ်ဝန်ထမ်း ၅ ဦးနဲ့ ခရီးသည် ၁၅၀ လုံး ကယ်ဆယ်နိုင်ခဲ့ပါတယ်။ နယူးယောက်တမြို့လုံးက လုံခြုံရေးနဲ့ ကယ်ဆယ်ရေး၊ မီးသတ် ၀န်ထမ်းအားလုံး အမြန်သွားရောက် ကယ်တင်ကြပါတယ်။ ဖယ်ရီဆိပ်က ရေယာဉ်များ၊ ပြည်သူများကလည်း ကူညီကြပါတယ်။ ၂၀၀၉ နှစ်ကူးကာလ သမ္မတသစ် မတက်မီ တပတ်အလို ကံသီတဲ့ ထူးခြားဖြစ်ရပ်ပါ။ စီတီဇင်ဂျာနယ်လစ် သဘောင်္ဖယ်ရီ စီးနေသူတဦးက အဲဒီကို သွားမကူခင်မှာ အိုင်ဖုန်းနဲ့ ရိုက်ပို့တဲ့ ပုံပါ။ (ဓာတ်ပုံ - အယ်လ်အေတိုင်း သတင်းစာ)
မိုးမခ သတင်းဌာနမှကူးယူပါသည်။

0 comments: