ပရင့်၊ပီဒီအက်

Thursday, January 29, 2009

ဘဝမဲ့ မျှော်လင့်ချက်


ဘဝတွေကခါးလှတယ်
ငတ်တလှည့် ပြတ်တလှည့်နဲ့
ကျပ်မပြည့်တဲ့ ကလေးလိုပဲ
ဟိုနားရနိုး ဒီနားရနိုး
တမနက်လေးဖြည့်ဖို့အရေး
ခြေအစုံမှာမတ်မတ်တွေပြီးတော့
ရင်အစုံမှာပျို့အန်ရတယ်။

တဝမ်းလှဖို့အရေး
မာနကိုချိုးနှိမ်လို့
အရှက်အကြောက်ရယ်ကင်းစွာနဲ့
နေရောင်ကို တိမ်ဖုံး
ခံပြင်းစရာတွေ
ဟန်တင်းထားတာကလည်းအများသား။

မိုးလင်းတိုင်း
ဗိုက်ထဲက တကြုတ်ကြုတ်နဲ့
မနက်ခင်းရဲ့ ငှက်ကျေးသီသံ ကလည်း
ငရဲမင်းမှ စစ်ခင်းသံအလား။

မှောင်တိ မဲတိုက်
မဲမဲလမ်းတစ်လျှောက်
ဘေးဘီရယ် ဝယ်
ဆီးမီးလင်းရောင်
ဟိုတကွက် ဒီတကွက်
ထွန်းဆီငြီး၏
လမ်းမီးတိုင်လည်း တိုင်သာရှိ၏
မှောင်အတိပြီး၏
ကြယ်လရောင်ဖြင့်
လင်းရရှာသည်
ဩော် ဟိုမြို့ ကြီး၏
ထိုထိုလမ်းများ တချို့။

အပြောအတွက်ကတော့
စောမထွက်နဲ့
ဗျော်တော်ဗျင်း
ဗျင်းတော် ခံရလိမ့်မယ်
အပြောတချက်နဲ့
အသက်စောစောထွက်လို့
နောင်မကြဉ်ခင် အရင်းခံရလိမ့်မယ်
ဒါတောင်မှ ဥပမာ တဲ့လား။

ရှိပေမယ့် မရှိယောင်လုပ်
မသိပေမယ် သိယောင်ဆောင်
ဝိုးတိုး ဝါးတားနဲ့
အရူးကပွဲများ အောင်မေ့လေသလား
ဘေးနားက အဖေတရုတ်
ကုလားက ပါလိုက်သေး
ရှိသမျှဟာတွေ သွေးစုပ်
အခွံတောင် ကျန်ပါ့မလား။
ပေးသမျှ ချွေးနဲ့တောင်
နွားလုံးလုံး သာဖြစ်
နွားဆွဲမှ ထွန်ကျူးရမယ်
ထွန်နစ်တော့ ...ရင်သာ ပြစ် ခံလိုက်တော့
ထွန်အသစ်က ပုံပြင်လိုဖြစ်နေတဲ့
ရွှေရောင်တိုင်းပြည်လား။

ရေးသားသူ- မိုးခါးရေ

ညီငယ်တစ်ယောက် မေးထဲကိုပို့လာတဲ့ ကဗျာလေးပါ။တခုခုတော့ ခံစားရနိုင်မယ်လို့ထင်ပါတယ်ဗျာ။


0 comments: