ပရင့်၊ပီဒီအက်

Monday, January 19, 2009

ဈေးဝယ်ထွက်ကြသော အစ်မ၊ ညီမများသို့

shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ...သတိထားကြပါ...အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်...ကျွန်တော့်အစ်မ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့..ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့...ဒီလိုပြောပါတယ်..သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းကအဝတ်လဲခန်းမှာ...အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော.. ဖုန်းတွေမှာပါ ရှိတယ်တဲ့..
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ..
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်...
ပီးတော့ forum တွေမှာတင်...ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို..တခြားလူတွေပါ မျှတတ်တဲ့အကျင့်...ဖုန်းထဲမှာပုံတွေထည့်...ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး...ပုံတွေကို share လုပ်ကြ...ပုံတွေကြည့်ပြီး...
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ...စဉ်းစားကြည့်ဗျာ.. အခုတစ်ယောက်က ဆေးကျောင်းက..ဆရာဝန်ဖြစ်မယ့်သူ..
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား....
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့..မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး..ဈေးခေါ်တာ ကျနေတာပဲ..တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ...မြန်မာအချင်းချင်းဗျာ..
အဲလို လူမဆန်တာတော့ မကောင်းဘူး..ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ...ခင်ဗျားတို့ညီမ...အဲ..အဲလိုပြောရင် နာမှာမဟုတ်ဘူး..
ခင်ဗျားတို့ ကောင်မလေး...
ခင်ဗျားတို့ မိန်းမ...
ခင်ဗျားတို့ သမီး...
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ..ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်..အဲလို လူမဆန်ပဲ..ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး..နောက်ပြီး ဆိုင်တွေ...
ခင်ဗျားတို့ကော..ဘာကြောင့်လူမဆန်တာလဲ...ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား..ဝယ်သူကိုလေးစားပေါ့ဗျာ..ခင်ဗျားတို့ ပိုက်ဆံရတယ်...
အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်...
အဲလိုမျိုးတွေ ရှိတယ်ဆိုတာကျွန်တော်သိပါတယ်..ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး..
ကျွန်တော် ထပ်ပြောမယ်..
ခင်ဗျားတို့ ကောင်မလေး...
ခင်ဗျားတို့ မိန်းမ...
ခင်ဗျားတို့ သမီး...
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ..

နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ....အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့...မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်...ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်...ကျွန်တော်သိတယ်..
မပြောချင်ဘူး.. ပြောလို့လည်းမကောင်းဘူး..
နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး..ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား..မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ...အစ်မတွေ.. ညီမတွေလည်း... အင်္ကျီ ဝယ်တဲ့အခါ...သတိထားပါ...
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ...အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပါ..
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး..လုပ်စားနေတဲ့ကောင်တွေ ရှိတယ်..

အစ်မကမေးတယ်...
ဘယ်လိုလုပ်သင့်လဲဆိုတော့..ကျွန်တော်က ပြောလိုက်တယ်..တရားစွဲပေါ့..
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်...တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ...တစ်ရှက်ကနေ နှစ်ရှက်ထက်...တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်...အဲလိုပဲ ပြောလိုက်တယ်..
အစ်မလည်း ပြန်ရောက်ကတည်းက..ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ..ဆဲလို့ဘာလုပ်လို့ရမှာလဲ...
ဒါကြောင့် ကျွန်တော်လည်း ဒီမှာရေးလိုက်တာ..

အစ်မတွေ..ညီမတွေ... သတိထားပြီး ဈေးဝယ်ကြပါ...

co2zenith.co.cc မှ ကူးယူမျှဝေပါသည်။

မိုးသွေးငယ်

0 comments: