ပရင့်၊ပီဒီအက်

Monday, December 8, 2008

အကြိုက်ဆုံးကဗျာ..တဲ့

“သရုပ်ဆောင် ”

လူဘဝ ဇာတ်ရုံထဲ

သား ပါဝင်ခဲ့ရ ပြန်ပြီ အမေ

တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့

ဇာတ်ထုတ်တွေ ကခဲ့ရတယ်။
အညွှန်း မရှိတဲ့ဇာတ်လမ်းတွေချဉ်းပဲ
မင်းသားခန်း ဆိုတာ
ကျနော့ အတွက် ပြက်လုံးတစ်ခုပါ အမေ

ပရိသတ်ရှေ့ကပြ၊ အမြဲပြသ ရတာက

အရှုံးသမား နေရာကပါ။
သားလည်း မင်းသားဖြစ်ချင်တာပေါ့ အမေ
ဒါပေမယ့် ရုပ်ချောခြင်း မိတ်ကပ်ကို
မလိမ်းချယ်နိုင်သလို
ပကါသန ဝတ်စုံ ကိုလည်း
မဝယ်နိုင်ခဲ့ဘူး

ပညာရှင
်ဆိုတဲ့ ဦးထုပ် ကတော့

ဈေး အရမ်းမြင့်တယ် အမေ

သားတတ်နိုင်တာက

ဈေးပေါတဲ့ မာနမိတ်ကပ်
သိမ်ငယ်ခြင်းကို မလုံ့ တလုံဖုံးနေရတဲ့
ရည်မှန်းချက် ဝတ်ရုံ နဲ့

သိက္ခာဆိုတဲ့ ဦးထုပ်ကို

ခပ်ငိုက်ငိုက် ဆောင်းလို့ပေါ့
အမေရယ်....။ ။

မောင်သုည
(စက်တင်ဘာ မိုးစက်များ ကဗျာစာအုပ်မှ....)


“သေပန်းပွင့်ဖို့”


သေနေတဲ့ အသားတုံးတွေ မဟုတ်လား

ဟင်းခတ်အမွှေးအကြိုင်တွေနဲ့
အသစ်ပြန်လည်ရှင်သန်ခြင်း ရနံ့တွေနဲ့
ဆွဲဆောင်မှုဟာ တန်ဖိုးကြီးကြီး
ဓားနဲ့မလှီးမီ
ခရင်းနဲ့မထိုးမီ
ဇွန်းနဲ့မခပ်မီ
ပါးစပ်တွေနဲ့လျှာတွေနဲ့ အရသာမခံမီ
အရည်ဝနေတဲ့ ဗိုက်တွေထဲအထည့်မခံရမီ...

အရက်နဲ့မြည်းစရာ
ဘဝနဲ့မြည်းစရာ
ငါတို့လည်း ကြိုးစားရမှာပါ

ပန်းကန်ပြားထဲ မှာ (ဝါ) စာမျက်နှာပေါ်မှာ

အားလုံးမသုံးဆောင်မီ
သေပန်းပွင့်ဖို့ ။ ။

သုခမိန်လှိုင်


တစ်ခုခုတော့ နားလည် နိုင်မယ် ခံစားနိုင်မယ်လို့မျှော်လင့်ပါတယ်။

အကြိုက်ဆုံးကဗျာများဆိုပြီးတော့ ..မက်မက် က tag တက်ထားတာလေ...ငွန်လည်းကဗျာ
ဆို အကုန်ဖတ်တာ..နားလည်တာရှိသလို နားမလည်တာ(တကယ်တော့ဝေးတာပါ)ရှိတယ်။
ကြိုက်တာတော့ များပါတယ်။မှတ်ထားတာတွေက ရှာတာမတွေ့တော့ဘူးလေ။အဲတော့ ...
ဘလောက်မှာတင်ထားပြီးသားလေးရယ်နောက်အသစ်တစ်ပုဒ်ရယ်ကိုတင်ပေးလိုက်တာပါ။ မဖတ်ရသေးသူတွေလည်းဖတ်ရအောင်..အဟီးTag ကြွေးလေးလည်ကျေအောင် ပေါ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။


0 comments: