ပေါ့။ကျွန်တော်ကလည်းအစ အနောက်က သန်လေတော့ ညို မှာကျွန်တော်အကြောင်ရိုက်
တာ စတာနောက်တာတွေကို ခံရတာပါပဲ။ဒီလို တစ်ရောက်တစ်လှည့်ဆိုတော့လည်း သူအပြစ် ကိုယ့်အပြစ် ငြိမ်းချမ်းစွာကျေးအေးလိုက်ကြတော့ ဘာပြဿနာရယ်လို့ ကြီးကြီးမားမား မရှိလှပါဘူး
ဒါပေမယ့် ဒီတစ်ကြိမ် ကျွန်တော်ခံလိုက်ရတဲ့ ကိစ္စကတော့ တော်တော်လေး အီစလံဝေ
သွားတယ်လိုပြောရ မှာပါ။ကျွန်တော်က နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်မယ်လို့ ညို ကိုပြောတော့ ခါးခါးသီးသီး ငြင်းပါတယ်။

Send this eCard !
“မသွားပါနဲ့လား ညီ ရယ် ။ဟို ရောက်ရင် ညီ တစ်ရောက်တည်း ဖြစ်နေမှာ နေထိုင် မကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။
“နောက်ပြီး နေရထိုင်ရတာ စားရသောက်ရတာ အဆင် မပြေဖြစ်နေမှာပေါ့။စိုးရိမ်းပါတယ် ညီ ရယ် မသွားပါနဲ့လားဟင်။”
ကျွန်တော်က
“ညီ ဒီလိုသွားပြီး အလုပ်လုပ်တယ်ဆိုတာကလည်း ညို နဲ့ မြန်မြန်လက်ထပ်ဖို့ နောက်ပြီး ညီ တိုရှေ့ရေးအတွက်လည်းပါပါတယ်။ ဒါမှ ညီ တို ဘဝ ရှေ့ရေး မှာ ပျော်ရွှင်ချမ်းမြေ့ ပြီး ပြည့်စုံတဲ့ ဘဝတစ်ခု ကို တယ်ဆောက်လို့ ရမှာပေါ့ ညို ရယ်...။”
သေချာ ရှင်းပြ မှ သဘောပေါက်လက်ခံ သွားတယ်။
ညို က နှစ်ရှည် လများခွဲ မနေချင်တာလည်းပါမှာပါ။သူ က ကျွန်တော်ကို သိပ်ချစ်တာ လေ။
သူကပြောသေးတယ်..
“ညီ ရယ် ..ညီ သွားနေတဲ့ ရက်တွေမှာ ညို တော့ လွမ်းလို့ နေရတော့မှာပေါ့နော်။”
ဒီလို ဆိုတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ဒါပေမယ် ကျွန်တော်က အရမ်းသွားချင်နေတာလေ။ချစ်သူ ရှိက ခွင့်ပြုချက် ရပြီ ဆိုတော့...နောက်ထက် အမေ ကိုခွင့်တောင်းရသေးတယ်။လူကြီးဆိုတော့ ဗျစ်တောက်ဗျစ်တောက် နဲ့ ပြောတော့တာပါပဲ..။တော်သေးတယ် ညို ကိုပါ ဝိုင်းကူးပြောဖို့ ခေါ်ထားမိလို့။ညို ကပါ ထောက်ခံ ပေတော့ အဆင်ပြေ သွားပါရောလား။
အဲဒါနဲ့ နောက်နေ့ မှာ သွားဖို့လာဖို့ စီစဉ် ရတော့တာပေါ့။အလုပ်တွေရှုပ်နေတာနဲ့ ညို နဲ့တောင် စကား မပြောဖြစ်၊ မတွေဖြစ်တာ တော်တော်ကြာသွားတယ်။ မချော ကတော့စိတ်ကောက်နေပေါ့။သူကတော့ ကျွန်တော်သွားတော့မယ် ဆိုတော့ အားပေးနှစ်သိပ်ပေးမယ် သူ သူ့နားမှာ မရှိတော့ အားငယ်နေရှာမှာပေါ့လေ။

Send this eCard !
ဒါကြောင့် အချိန်လေးနည်းနည်း ရတာနဲ့ ပြေး ပြီ ကျေနပ်အောင်လည်း ချောမော့ ရသေးတယ်။သူကို လည်း စိတ် မညစ် စေချင်ဘူးလေ။
တစ်နေ့တော့ သွားဖို့ လာဖို့ အကြောင်း တွေ ဖေ နှင့် မေ ကို ပြောပြနေတုန်း ..ညိုရောက် လာပါတယ်။ဖေနှင့် မေ ကလည်း ကဲ့ သားတို့ သမီးတို့ လွတ်လွတ် လပ်လပ် စကားပြော ကြဦး
ဆို ပြီး ဧည်ခန်းထဲကနေ ထွက်သွားကြတယ်။ညို ကတော့ သူ ထုံးစံ အတိုင်း ရီဝေဝေလေး နဲ့ ကျွန်တော်ကိုထိုင်ကြည့် နေတယ်လေ။ ကျွန်တော် ကပဲ စပြီး ပြောမှ သူကပြန်ပြောတယ်....
“ ညီ.. ..ညီ သွားရင် ..ညို လေဘာလက်ဆောင် ပေးရ မလည်း စဉ်စားနေတာ..အခုထိ စဉ်း
စားလို့ မရသေးဘူး ဖြစ် နေတယ်။ အဒါ ..ညီ ..ပါဝိုင်းကူ စဉ်းစားပေးနော်။”
ကျွန်တော်လည်း ဗြုံး ကနဲဆိုတော့...စဉ်းစားလို့ မရဘူး..ဖြစ်နေတယ်လေ။ဘာဖြစ်လို့ လည်းဆိုတော့ ...ဟို ငယ်ငယ် ကတည်း က..ညို ..ကပေးထားတဲ့လက်ဆောင်တွေ အများကြီး ရှိနေတယ်။ဒါပေ မယ့် ဒီ တစ်ခါ အဝေးကြီး ကို သွား ရမှာ။ဒီတော့ ဘာပဲ ဖြစ်ဖြစ်
အမှတ်တယ ရှိနေဖို့ လက်ဆောင်တော့ လိုတာပေါ့ ။အဝေးကြီးမှာ အလွမ်းတွေဖြေရမှာလေ။
ကျွန်တော် ကလည်း စတန့် ထွင်ချင်တာ ရယ် နောက်ထူးထူး ခြားခြားလေးလည်းဖြစ်သွား ရ
အောင်...

Send this eCard !
“ဒီလိုလုပ် ညို....ဟို ဟာ ပေး လိုက်ကွာ...”
ညို..က ကြောင်အန်း အန်းလေး ဖြစ်သွားပြီး..
“ဘယ်ဟာလည်း ညီ ..ကလည်း.. အစ မရှိ အဆုံး မရှိနဲ့..ပေါက် ကရ
တွေမပြောနဲ့နော်...အန်တီ နဲ့ ပြန်တိုင်မှာ ဟွန်း...လူကိုဘာမှတ်နေလည်း”
“ ဟာမဟုတ်ပါဘူး ကွာ ပြော ချင်ဇော များသွား လို့...ထူးထူး ခြားခြား လက်ဆောင် လည်းစဉ်းစားထား ရသေး တယ်။”
နောက်ထပ် ဇတ်သိမ်းပိုင်း လာပါမည်။........















0 comments:
Post a Comment