ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းဟာ နောက်နှစ် July ဆိုရင်ဆက်သွယ်ကြရန်.....နာရေးကူညီမှုအသင်း
သင်္ဃန်းကျွန်းဘုန်းကြီးကျောင်းကနေ ဖယ်ပေးရတော့မယ်။ ဒဂုံမှာရှိတဲ့ နာရေးကူညီမှုပိုင်
မြေနေရာမှာ ကားတွေထားဖို့၊ ရုံးလုပ်ငန်းတွေလုပ်ဖို့၊
သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်ဖို့၊
အသင်းရဲ့လုပ်ဆောင်မှုတွေကိုဆက်ပြီးလုပ်ဆောင်ဖို့အတွက် အဆောက်အဦ ဆောက်ဖို့လိုတယ်။
သူတို့ရဲ့အသင်းပိုင်ငွေမှာ စည်းမျည်းအရ နာရေးကူညီမှုအတွက်သုံးစွဲခွင့်ငွေဟာ
လုံလောက်ပေမဲ့ ရုံးအသုံးစရိတ်အတွက် မလုံလောက်ဘူး ဖြစ်နေတယ်။
အသင်းပိုင်အဆောက်အဦ၊ ကား စတာတွေကိုဆောက်လုပ်ဖို့၊ ၀ယ်ဖို့ကို
နာရေးကူညီဖို့ဆိုပြီးလှုထားတဲ့ငွေထဲက သုံးခွင့်မရှိတဲ့စည်းမျဉ်းကြောင့်၊ အသင်းရဲ့
အထွေထွေရုံးသုံးစရိတ်အတွက် သီးသန့်အလှူငွေလိုအပ်နေပါတယ်။
အဆင်မပြေရင် သုခကုသိုလ်ဖြစ်ဆေးခန်းကို ပိတ်ရချေရှိနေတယ်။ ဆေးခန်းသာပိတ်ရင်
ဆင်းရဲသား၊ အခြေခံလူတန်းစားအများစုအတွက် နစ်နာမှုတွေ အများကြီးကြုံရမှာပါ။ မင်းလည်း
မေတ္တာရှိမယ်ဆိုရင်တော့
နာရေးကူညီမှုအသင်းနဲ့ဆက်သွယ်ပြီး မင်းတတ်နိုင်သလောက်ကူညီပေးစေလိုပါတယ်။ ပြီးတော့ မင်းနဲ့နီးစပ်ရာ
လှုဒါန်းကူညီလိုသူတွေကို ပြောပြပေးစေချင်ပါတယ်။ မင်းရဲ့ On Line
သူငယ်ချင်းတွေကိုလည်း ဒီအကြောင်းလေးကို ဖြန့်ဝေပေးစေလိုပါတယ်။
သေကွဲကွဲခြင်းရဲ့ပူလောင်မှုတွေကို တတ်နိုင်သမျှစာနာကူညီပေးနေသူတွေကို
ငါတို့လည်းဝိုင်းဝန်းကူညီကြပါစို့။
(အစ်မ လမင်းခင် blog မှ)
ကျွန်တော်တို့အဖွဲ့
နာဂစ် အတွက် လှူဖို့ ဆက်သွယ် တုန်းက အခက်အခဲတွေ ကို ပြောပါတယ် ၀ိုင်း
ဝန်းကူညီဖို့ ထပ်ပြီးနိုးဆော်ပါတယ် ခင်ဗျာ ။ကိုယ်တိုင် ဆက်သွယ် လှူဒါန်းကြပါ
ခင်ဗျာ။
ဖုန်း - ၀၉၅၁၄၈၄၅၂ ၊ ၇၀၉၂၇၇
၊၇၂၈၀၈၉ ၊၅၆၀၃၃၃ ၊ ၅၇၈၁၈၄
ffss.ygn@gmail.com
မိုးသွေးငယ်
Monday, August 18, 2008
ကိုယ်တိုင်စုံစမ်းဆက်သွယ်ပါ (ကြေညာပေးခြင်းသက်သက်)
Posted by
MoeThwayNge
6:15 AM
Subscribe to:
Post Comments (Atom)















0 comments:
Post a Comment